Categories

October 2024
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  
April 22, 2026

အမေရိကန်ပြည်သူ့ကျန်းမာရေးအသင်းမှ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးအား Barsky ဆု ပေးအပ်ချီးမြှင့်

အမေရိကန်ပြည်သူ့ကျန်းမာရေးအသင်းမှ ပေးအပ်သော Barsky ဆုကို မြန်မာ့နွေဦးတော်လှန်ရေး ကျန်းမာရေးတပ်ဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ကရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကျင်းပခဲ့သည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ဆက်စပ်သော အစည်းအဝေးများတက်ရောက်ရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးအဖြစ် ဒေါက်တာ ဇော်ဝေစိုးဖိတ်ကြားခံခဲ့ရပြီး Community Health နှင့်ဆိုင်သည့် ကျန်းမာရေးကိစ္စများဆွေးနွေးခဲ့သေးသည်။

ဆရာကြီး ဒေါက်တာ ဇော်ဝေစိုးသည် တော်လှန်ရေးနယ်မြေများအတွင်း Community Health Worker မွေးထုတ်ခြင်းသင်တန်းများအား၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးနေသူဖြစ်သည်။

You may have missed