Categories

August 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
March 13, 2025

နွားထိုးကြီးမှာ နယ်မြေစိုးမိုးထားသော တော်လှန်ရေးတပ်များ

နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်

ဩဂုတ် ၁၀၊ VOR

မန္တလေးတိုင်း ၊ နွားထိုးကြီး ၊မြင်းခြံ နှင့် တောင်သာတွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း ပစ်ကူများနဲ့ ခုခံဖို့ ကြိုးစားနေကြောင်း သိရပါတယ်။ ဒီကနေ့ သြဂုတ်လ ၁၀ ရက်နေ့ မနက် ငါးနာရီမှစလို့ နွားထိုးကြီးမြို့မရဲစခန်းနှင့် မြို့အရှေ့ဘက်ရှိ ဓာတ်ငွေ့ပိုက်လိုင်းစောင့်တဲ့ စစ်ကောင်စီတပ်အား ဒေသခံ PDF များက ဝင်ရောက်တိုက်ခိုက်လို့ နှစ်ဘက်တိုက်ပွဲပြင်းထန်နေကြောင်း သိရပါတယ်။ “မနက်အစောကတည်းက အဲဒီနှစ်နေရာမှာတိုက်နေတာ။လေယာဥ်နဲ့ဗုံးကြဲတာလည်း ၅ လုံးလားမသိဘူး။ စခန်းကိုသိမ်းပြီး မီးရှို့လိုက်ပြီပြောတယ်။”ဟု ​နွားထိုးကြီးမြို့နေ ပြည်သူတဦးက ပြောပါတယ်။ နွားထိုးကြီး-မြင်းခြံလမ်းကိုလည်း ဖြတ်သန်းသွားလာခြင်းမပြုဖို့ PDF များကတားမြစ်ထားပါတယ်။ စစ်ကောင်စီဒေါက်တိုင် ဝါဒဖြန့် လော်ဘီတွေဘက်ကလည်း

နွားထိုးကြီးမြို့ရှိ မြင်းခြံဘက်ထွက် သည့်ဂိတ်လည်း ကျသွားပြီဖြစ်ကြောင်း ပြောဆိုရေးသားနေကြပါတယ်။ vor ကကြည့်ရတဲ့ ရုပ်သံဖိုင်တခုမှာတော့ စစ်ကောင်စီကိုအကြမ်းဖက်အားပေးနေသူတဦးက နွားထိုးကြီးတဝိုက်က တော်လှန်ရေးတပ်တွေကို အချိန်မီ ခုခံတန်ပြန်ဖို့ကို စစ်ကောင်စီကို တိုင်ကြား အသိပေးနေတာ မြင်ရပါတယ်။

တချိန်တည်းမှာပဲ တောင်သာမြို့နယ်၊ ဝဲလောင်ဓာတ်အားခွဲရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသခံ PDF တွေဝင်တိုက်ကြောင်း သိရပါတယ်။ အဆိုပါတိုက်ပွဲမှာလည်း တပ်ကြပ်ကြီးတစ်ဦးနှင့် အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံးကာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် လေးဦး ဖမ်းဆီးခံရကြောင်း စစ်ကောင်စီတယ်လီဂရန်ချန်နယ်များက သတင်းရေးသားထားပါတယ်။ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်တာကြောင့် နှစ်ဖက်အခြေအနေတွေ ပေါ်ထွက်လာခြင်း မရှိသေးပါဘူး

You may have missed