Categories

August 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
March 15, 2025

သပိတ်ကျင်းမြို့နယ်က တပ်စခန်း ၈ခုကိုသိမ်းပိုက်ထားပြီး လက်နက်ခဲယမ်းများရရှိ၊ စစ်တပ်ဘက်ကအများအပြားသေဆုံး

သပိတ်ကျင်းမြို့နယ်က တပ်စခန်း ၈ခုကိုသိမ်းပိုက်ထားပြီး လက်နက်ခဲယမ်းများရရှိ၊ စစ်တပ်ဘက်ကအများအပြားသေဆုံး

ဩဂုတ် ၁၀၊ VOR

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့က တပ်စခန်း ၈ခုထိသိမ်းပိုက်ထားနိုင်ပြီး လက်နက်ခဲယမ်းများရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက ဒီနေ့သတင်းထုတ်ပြန်ပါတယ်။

သပိတ်ကျင်းမြို့နယ်ရှိ ခလရ (၁၄၈) တပ်စခန်း ၊ ကျောက်ဖြူရွာ တပ်စခန်းနဲ့ လိပ်ကျရွာ တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးနေပုံများနဲ့တကွ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

သပိတ်ကျင်းမြို့အတွင်းက ကွင်း(၃၀)ရွာ တပ်စခန်း ၊ လက်ပံပြန့်ရွာ တပ်စခန်း ၊ ဖိုကုန်း တပ်စခန်း ၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ သပိတ်ကျင်းမြို့နယ်အတွင်း၌ တပ်စခန်း စုစုပေါင်း(၈)ခု သိမ်းပိုက်ရရှိထားပြီးဖြစ်ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

You may have missed