Categories

July 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
May 21, 2026

ဘင်္ဂလားဒေ့ရှ်က အဝင်မခံလို့ စစ်ကောင်စီအဖွဲ့ ၇၀ ကျော် ဘုတ် ၄ စီးနဲ့ နတ်မြစ်မှာမျောနေ

ဘင်္ဂလားဒေ့ရှ်က အဝင်မခံလို့ စစ်ကောင်စီအဖွဲ့ ၇၀ ကျော် ဘုတ် ၄ စီးနဲ့ နတ်မြစ်မှာမျောနေ

ဇူလိုင် ၁၆၊ VOR

ရက္ခိုင်ပြည် မောင်တောမြို့မှာ အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော်ဟာ ဘုတ် ၄ စီးနဲ့ နတ်မြစ်ကို ဖြတ်ကျော်ကာ ဘင်္ဂလားဖက်သို့ ထွက်ပြေးကြရာ ကမ်းကပ်ခွင့်မပေးဘဲ ပြန်လွှတ်လိုက်တာကြောင့် နတ်မြစ်အတွင်း မျောနေတယ်လို့ ဘင်္ဂလားဒေ့ရှ်မီဒီယာတွေက ဖော်ပြကြပါတယ်။

မနေ့က ဇူလိုင်လ ၁၄ ရက်နေ့ မနက်မှာ တက္ကနာ Shapuree Island (ရှပူရီကျွန်း)ကို ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ပါတဲ့ ဘုတ် ၂ စီးနဲ့ ညနေပိုင်း ၅ နာရီခန့်မှာ တက္ကနာ ဇာလီယာပါရာ သင်္ဘောဆိပ် အနီးကပ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ခန့်ပါ ဘုတ် ၂ စီးကို နတ်မြစ်မှာ တာဝန်ကျနေတဲ့ ဘင်္ဂလာကမ်းခြေစောင့် အဖွဲ့က ဝင်ခွင့်မပေးဘဲ ပြန်လွှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ရက်နေ့က မောင်တောမှထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀၊ ဧပြီ ၂၅ရက်က ၂၈၈ဦး တို့ကို မြန်မာနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အကျဉ်းသားတွေနဲ့ လဲလှယ်ကာ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာဘက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

မောင်တောမှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီရဲ့ နယ်ခြားစောင့်စခန်း နခခ ၅ မြို့သူကြီးစခန်းကို အာရက္ခတပ်တော် AA က တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က ခုခံစစ်ပြင်ဆင်နေပေမယ့် AA က တစ်မြို့လုံးကို ဝန်းရံပိတ်ဆို့ထားပြီး သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

https://www.facebook.com/VORLiveNews/videos/1417833858879363

You may have missed