ဇူလိုင် ၁၆၊ VOR
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နဲ့ မိုင်းရယ်မြို့နယ်အစပ်က ဆင်ကျော့ ကျေးရွာရှိ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ-၂၃ ကို ကိုးကန့်တပ် MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
သီပေါမြို့နယ် ဆင်ကျော့ ပြည်သူ့စစ်နယ်မြေအနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို မနေ့က ဇူလိုင်လ ၁၅ရက်နေ့မှာ MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံရဲ့ အစည်းအဝေးရှိနေတာကြောင့် ရှမ်းမြောက်မှာ ဇူလိုင်လ ၁၅ရက်ကစလို့ ၄ရက်ကြာ ယာယီ အပစ်အခတ် ရပ်စဲမယ်လို့ ကိုးကန့်တပ်နဲ့ တအာင်းတပ်ဘက်က ထုတ်ပြန်ပြီးနောက် သီပေါမြို့မှာ စတင်စခန်းသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
သီပေါမြို့ဟာ ရှမ်းစော်ဘွားများရုံးစိုက်ရာမြို့ဖြစ်ခဲ့ပြီး လားရှိုးမြို့နဲ့ ၄၅မိုင်ခန့်ကွာဝေးကာTNLA နဲ့ ပူးပေါင်းတပ်တွေထိုးစစ်ဆင်နေတဲ့ ကျောက်မဲမြို့နဲ့ ၂၂မိုင်ကွာဝေးပါတယ်။
စစ်ကောင်စီဘက်က လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ လားရှိုးမြို့ကို ဆက်လက်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီက သိရသလို ကျောက်မဲမြို့နဲ့ သိန္နီမြို့ကိုလည်း လက်နက်ကြီးပစ်ခတ်ခဲ့လို့ ဒေသခံ အဖွား ၁ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
အပစ်ရပ်ထားပေမယ့် စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်လာပါက ခံစစ်ပြင်ပြီး ပြန်လည်တိုက်ခိုက်ရန်နဲ့ လတ်တလောသိမ်းပိုက်ရရှိထားတဲ့ နေရာတွေမှာ ခုခံစစ်ပြင်ထားကြဖို့ MNDAA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇူလိုင်လ ၁၄ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကိုးကန့်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့လယ်ခေါင်ကို စစ်ကောင်စီတပ်က ညအချိန်ဗုံးကြဲခဲ့လို့ အိပ်ပျော်နေတဲ့ ပြည်သူ ၁ဦးသေဆုံးပြီး ဟော်တယ်အဆောက်အဦတွေ ပျက်စီးခဲ့ပါတယ်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်