ဇူလိုင် ၁၅၊ VOR
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျွဲတလင်းကျေး ရွာ ပျူစောထီးစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကိုင် ပျူစောထီး ၁၅ ဦး အပါအဝင် အင်အား ၄၀ ခန့်ရှိတဲ့ အဲ့ဒီစခန်းကို ဇူလိုင်လ ၁၁ ရက်မနက် ၅ နာရီဝန်းကျင်အချိန် မှာ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မနက် ၈ နာရီအချိန်မှာ စခန်းသိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ပျူစောထီး ၂ ဦး သေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိခဲ့ကာ ကျန်လူများ ထွက်ပြေးသွားကြပြီး လက်နက် ၁၀ လက်နဲ့ ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ကျွဲတလင်းကျေးရွာ ပျူစောထီးစခန်းဟာ အရေးပါတဲ့ စခန်းတစ်ခုဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထောက်ပို့လမ်းကြောင်းကို အနှောင့် အယှက်ပေးနေတဲ့ ကျေးရွာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
ယင်းစစ်ဆင်းရေးကို တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောင်သာပလဖ၊ နေပြည်တော်၈၀၁ တပ်ရင်း ၊ ညောင်ဦးခရိုင်တပ်ရင်း ၁ ၊ မိတ္ထီလာပကဖ အပါ အဝင် မဟာမိတ်တပ်များက ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်