Categories

July 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
February 15, 2026

မိုင်းရယ်ကို SSPP တပ်တွေဝင်ရောက် နေရာယူ

မိုင်းရယ်ကို SSPP တပ်တွေဝင်ရောက် နေရာယူ

ဇူလိုင် ၁၃၊ VOR

တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတဲ့ မိုင်းရယ်မြို့ကို ရှမ်းပြည်တပ်မတော် SSPP/SSA က ဒီကနေ့ ဝင်ရောက်လာတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေထံက သိရပါတယ်။

မိုင်းရယ်က ပြည်သူလူထုတွေ စစ်ဘေးဒဏ်ကာကွယ်ပေးဖို့နဲ့ ကိုးကန့်တပ် MNDAA ကို အကြောင်းကြားပြီးမှ ဝင်ရောက်တာဖြစ်တယ်လို့ SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆု က မီဒီယာကို ဖြေကြားထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ရက်နေ့ကလည်း ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်က တန့်ယန်းမြို့ကို အင်အားထောင်ချီနဲ့ဝင်ရောက်နေရာယူခဲ့ပါတယ်။

မိုင်းရယ်နဲ့တန့်ယန်းမြို့တွေကို ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲတွေပြင်းထန်နေတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့နဲ့ နီးကပ်နေတာကြောင့် အခုလို ရှမ်းလက်နက်ကိုင်တွေဝင်ရောက်နေရာယူလာတာဟာ စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

မိုင်းရယ်ကို SSPP တပ်တွေဝင်ရောက် နေရာယူ

You may have missed