Categories

July 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
July 25, 2026

မြင်းမူမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ရာ ရဲ ၁ဦး ကျည်ထိမှန်

မြင်းမူမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ရာ ရဲ ၁ဦး ကျည်ထိမှန်

KyatPha
ဇူလိုင် ၇၊ VOR

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ရာ ရဲ ၁ဦး ကျည်ထိမှန်ဒဏ်ရာရရှိသွားပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၆ရက်နေ့ နေ့လည် ၁၁နာရီအချိန်မှာ စစ်ကောင်စီတပ်အင်အား ၃၀ခန့်ဟာ မြင်းမူမြို့ပေါ်မှ မြစ်ပေါက်ကျေးရွာဘက်သို့ထွက်လာစဥ် မြင်းမူမြို့နယ် တော်လှန်ရေးအင်အားစု ဒေါင်းဘုရင်၊ဇာမဏီနဲ့ လက္ကပင်ကျေးရွာ ပကဖမဟာမိတ်ပူးပေါင်းအဖွဲ့တို့မှ ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် ရဲ ဆန်းအောင်မှာ လက်မောင်း ၃ချက် ခါး၁ချက် ကျည်ထိမှန်ဒဏ်ရာ ရပြီး မြို့ထဲသို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

မြင်းမူမြို့နယ် ထီးဆောင်း အထိုင်စခန်းကို GTR ဒရုန်းအဖွဲ့မှ ညနေ ၅နာရီခွဲအချိန်မှာ ဒရုန်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြင်းမူမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ရာ ရဲ ၁ဦး ကျည်ထိမှန်

You may have missed