Categories

July 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
May 24, 2025

၆၂နှစ်ပြည့် July 7 အရေးအခင်းကို မမေ့ရေး ရန်ကုန်မြို့မှာ လှုပ်ရှားမှုပြုလုပ် စစ်အာဏာရှင်တို့ရဲ့ ရက်စက်မှုဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေတာကို သတိပြုရန်လိုအပ်ပြီး အမြစ်ဖြတ်နိုင်ရေး ပါဝင်ကြဖို့ တိုက်တွန်း

၆၂နှစ်ပြည့် July 7 အရေးအခင်းကို မမေ့ရေး ရန်ကုန်မြို့မှာ လှုပ်ရှားမှုပြုလုပ်

စစ်အာဏာရှင်တို့ရဲ့ ရက်စက်မှုဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေတာကို သတိပြုရန်လိုအပ်ပြီး အမြစ်ဖြတ်နိုင်ရေး ပါဝင်ကြဖို့ တိုက်တွန်း

ဇူလိုင် ၇၊ VOR

ရန်ကုန်မြို့က လုံခြုံရေးတင်းကြပ်ထားတဲ့ နေရာတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးရန်ကုန်အင်အားစု(AJAY) လူငယ်များက (၆၂)နှစ်ပြည့် July 7 အရေးအခင်းကို မမေ့ရေး လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၁၉၆၂ ဇူလိုင်လ ၇ ရက်မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်း သားများကို အာဏာရှင် နေဝင်း ဦးဆောင်သော စစ်တပ်က ရက်စက်စွာပစ်သတ်ခဲ့တဲ့ July 7 အရေးအခင်းကို မမေ့ရေး 7.7.62 Don’t Forget လှုပ်ရှားမှုကို ဒီကနေ့ ဇူလိုင်လ ၇ရက်နေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

စစ်အာဏာရှင်တို့ရဲ့ ဆိုးဝါးတဲ့ရက်စက်မှုဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေတာကို သတိပြုမိရန်လိုအပ်ပြီး ထိုစနစ်ဆိုးကို အခွင့်ခါကြုံခိုက် အမိအရ အမြစ်ဖြတ်ရေး တတ်နိုင်တဲ့ဘက်မှ အားစိုက်ပါဝင်ကြပါရန် AJAY ရဲဘော်များက တိုက်တွန်းထားပါတယ်။

You may have missed