Categories

May 2024
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
March 16, 2025

ဒေါနတောင်ခြေမှာ အောင်ဇေယျကို တိုက်ထုတ်နေတာကြောင့် ပြည်သူများ သတိပြုနေထိုင်ရန် သတိပေး အောင်ဇေယျစစ်ကြောင်းက ဗိုလ်ကြီး ၁ဦးအပါအဝင် ၁၂ဦးသေဆုံး

ဒေါနတောင်ခြေမှာ အောင်ဇေယျကို တိုက်ထုတ်နေတာကြောင့် ပြည်သူများ သတိပြုနေထိုင်ရန် သတိပေး၊ အောင်ဇေယျစစ်ကြောင်းက ဗိုလ်ကြီး ၁ဦးအပါအဝင် ၁၂ဦးသေဆုံး

မေ ၆၊ VOR

ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင် ဒေါနတောင်သို့ ထိုးစစ်ဆင်လာတဲ့ နိုင်ငံတော်အဆင့် စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်း ကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ရာ ဗိုလ်ကြီး ၁ဦးအပါအဝင် ၁၂သေဆုံးခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

မနေ့က မေလ ၅ရက်နေ့မှာ အဆိုပါ အောင်ဇေယျစစ်ကြောင်းကို အမှတ်(၃၁)ဗျူဟာ လက်အောက်ခံ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီစစကြောင်းက ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးပြီး ၁၈ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

၎င်း အောင်ဇေယျစစ်ဆင်ရေးတွင်ပါဝင်ခဲ့တဲ့ တပ်ရင်းမှုးများ၊ တင့်ကားများနဲ့စစ်ကောင်၏ ထိုးကျွေးခံ လက်အောက်ခံတပ်သားများဟာ ဒေါနတောင်သို့ ချီတက်ရာလမ်းတစ်လျှောက်မှာ ဆုံးရှုံးလျက်ရှိတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက စစ်ကောင်စီစစ်ကြောင်းကို အစွမ်းကုန်တိုက်ခိုက်နေတာကြောင့် ပြည်သူများကသိရှိပြီး ဘေးအန္တာရာယ် ကင်းရှင်းရာအရပ်မှာ သတိပြုနေထိုင်ကြဖို့ သတိပေးထားပါတယ်။

You may have missed