Categories

May 2024
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
March 25, 2025

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီရဲ့ တတက-၁၃ တပ်ကို မန္တလေး PDF တိုက်ခိုက်ခဲ့

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီရဲ့ တတက-၁၃ တပ်ကို မန္တလေး PDF တိုက်ခိုက်

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီရဲ့ တတက-၁၃ တပ်ကို မန္တလေး PDF တိုက်ခိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီးအပါအ၀င် ၁၁ ဦးသေဆုံးခဲ့ပြီး ၁၅ ဦး လက်နက်ချအညံ့ခံခဲ့တယ်လို့ သိရပါတယ်။

မန္တလေး၊ စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာအုပ်စု၊ ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီ အထိုင်စခန်းကို မန္တလေး PDF မှ ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ပါတယ်။

ဝါးပိုးချပ်ကျေးရွာမှာ စစ်ကောင်စီ အခြေချတပ်စွဲထားတဲ့ အဲ့ဒိ တပ်စခန်းကို ဧပြီလ ၂၈ ရက် နံနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တပ်မတော် (မန္တလေး)တပ်ဖွဲ့က စခန်းသိမ်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးအပါအ၀င် တပ်သား ၁၁ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ အုပ်ချုပ်မှုဌာန ဌာနမှူး ဒုတိယဗိုလ်မှူးကြီး တင်ကို(တေဇ၂၈) တပ်မတော်တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃) အပါအ၀င် ၁၁ ဦးသေဆုံးပြီး ၁၅ ဦးမှာ လက်နက်ချအညံ့ခံခဲ့ တာဖြစ်ပါတယ်။

You may have missed