ဧပြီ ၂၈၊ VOR
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပေါက်မြို့နယ်ရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် လက်နက်ခဲယမ်း နှင့် အတူ အလင်းဝင်ရောက်လာသဖြင့် ဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ပေးခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းထံက သိရပါတယ်၊။
မနေ့က ဧပြီလ ၂၇ ရက်နေ့မှာ ပေါက်မြို့နယ် ရဲစခန်းမှဦ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား စည်သူဗိုလ် ဟာ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းထံဆက်သွယ်ကာ BA 94 တစ်လက်၊ကျည်အိမ် ၂ ခု၊ 9 mm ကျည်အတောင့် ၃၀ နဲ့အတူ အလင်းဝင်ရောက်လာတာပါ၊။
ထိုသို့ အလင်းဝင်ရောက်လာသည့် ရဲတပ်သားကို လိုအပ်သည်များ မေးမြန်းကာ ဂုဏ်ပြုဆုငွေ ကျပ် သိန်း ၃၀ ချီးမြှင့်ပေးခဲ့သလို လုံခြုံတဲ့ နေရာသို့ ပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။
စစ်ကောင်စီ၏လက်အောက် အကြောင်းအမျိုးမျိုးကြောင့် တာဝန်ထမ်းဆောင်နေကြ သူများ အနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများနဲ့ အမြန်ဆုံးပူးပေါင်းကြရန်နဲ့ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းထံ အလင်းဝင်ရောက်လာမယ့် စစ်ကောင်စီတပ်သားများကို အမြဲ ကြိုဆိုလျက်ရှိ တယ်လို့ အသိပေးထားပါတယ်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်