ဧပြီ ၂၇၊ VOR
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် ၁၀မိုင်အကွာ နောင်ချိုမြို့နယ် သရက်ကုန်း ကျေးရွာ တိုက်ပွဲတွင် သိမ်းပိုက် ရရှိသော စစ်လက်နက်ပစ္စည်းများနှင့် ခဲယမ်း မီးကျောက်များ ကို NUG က သတင်းထုတ်ပြန်သည်။
ဧပြီလ ၁၅ရက်နေ့တွင် တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် သရက်ကုန်းရွာစခန်းကို ပြန်လည်ရရယူရန် ဧပြီ ၁၉ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်သား ၅၉ဦးသေဆုံးခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီက ကြည်းတပ် လေတပ်ဖြင့် အင်အားသုံး ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီတပ်ထံမှ MA-1၊ MA-2၊ MA-3၊ MA-4၊ MA-5၊ MA-11၊ ၆၀ မမ မော်တာ စုစုပေါင်း (၆၁) လက်အပါအဝင် ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်