Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 2, 2026

ဘုံရန်သူကို focus ထား

ဘုံရန်သူကို focus ထား

By NGL

မင်းအောင်လှိုင်စစ်အုပ်စုရဲ့ သပ်လျှိုသွေးခွဲရေးဗျူဟာကို အထူးသတိထားပြီး စိတ်ဓာတ်ကြံ့ခိုင်ကြဖို့လိုပါတယ်။

Emotional ဖြစ်နေတဲ့အချိန်မှာ စိတ်ဟာ ပေါက်ကွဲလွယ်တတ် ထိရှလွယ်တာ သဘာဝပါ။ အဲဒါကို ကြံ့ကြံခိုင်ခိုင် ကျော်ဖြတ်ကြရမှာပါ။

စကစရဲ့ သပ်လျိုသွေးခွဲရေးသမားတွေက အဲဒီအချိန်မျိုးကို ကျားချောင်းသလို ချောင်းနေတာပါ။ သူတို့ဟာ ကိုယ့်ဘက်ကလူလိုလို ဝင်နေရာယူပြီး EAOs တွေအပေါ်၊ NUG အပေါ် စည်းလုံးညီညွတ်ရေးကွဲပြားစေအောင် post တွေ၊ comment တွေကို အုံနဲ့ကျင်းနဲ့ ပလူပျံအောင် ဝင်ရေးကြတာ သတင်းpost တွေအောက်မှာ အထင်အရှားမြင်နိုင်ပါတယ်။

စကစဟာ ပြည်သူတွေ သူတို့ကို ထောက်ခံလာဖို့ စိတ်မဝင်စားပါဘူး။ သူတို့စိတ်ဝင်စားတာ သူတို့လိုချင်တာက တော်လှန်ရေးမှာ ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကြား အသံဗလံတွေ၊ အကွဲအပြဲကိစ္စတွေပါ။

အချင်းချင်း ဝေဖန်ငြင်းခုံနေကြတာ၊ တိုက်ခိုက်နေကျတာကို သူတို့မြင် ကြားချင်ကြတာပါ။ အဲဒီလိုမျိုး ဖြစ်အောင်လည်း သူတို့ဟာ စနစ်တကျ သပ်လျှိုသွေးခွဲပါတယ်။

ပြည်သူအချင်းချင်း သပ်လျှိုသွေးခွဲလှုံ့ဆောင်ဖို့ သူတို့အတွက် အရေးအပါဆုံးသော လက်နက်ဟာ “ဘာသာရေး နဲ့ လူမျိုးရေး” ပါပဲ။ ဒီလက်နက်ဟာ ဟောင်းနွမ်းပေမဲ့ သူတို့အတွက် ယနေ့ထိတိုင် ခေတ်မီနေဆဲပါပဲ။ ရှေးကလည်း သူတို့ဟာ ဒီလက်နက်ကို သုံးခဲ့တာပဲ။ အခုလည်း သုံးနေဆဲပဲ။ နောင်လည်း ဆက်သုံးနေကြအုံးမှာပါ။

ကျွန်တော်တို့ဟာ စကစသွားစေချင်တဲ့လမ်းကို ပြတ်ပြတ်ထင်ထင် ကြိုမြင်ကြဖို့လိုပါတယ်။ သူတို့သွားစေချင်တဲ့လမ်းကို ဝင်မသွားဖို့လိုပါတယ်။

စည်းလုံးညီညွတ်မှုတစ်ခုဟာ ပျက်စီးဖို့ အင်မတန်လွယ်ပေမဲ့
တည်ဆောက်ဖို့ အင်မတန် ခက်ခဲကြမ်းတမ်းပါတယ်။ တော်လှန်ရေးခေတ်တစ်ခုရင်းပြီးမှ ရနိုင်တာမျိုးဖြစ်ပါတယ်။ ။

နွေဦးတော်လှန်ရေးကြောင့် ရှေ့ကမရှိခဲ့ဖူးတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရရှိခဲ့ပါတယ်။ ဒီညီညွတ်မှုဟာ အင်မတန် ရတောင့်ရခဲ တန်ဖိုးကြီးပါတယ်။

ဘုံရန်သူ စစ်အာဏာရှင်အုပ်စုဆိုတာ မမေ့ဖို့လိုပါတယ်။ သူတို့ကြောင့် ဖြစ်ပေါ်လာရတဲ့ တော်လှန်ရေးရဲ့ ပထမဆုံးရည်မှန်းချက်ဟာ သူတို့ကျရှုံးရေး၊ တစ်နည်း စစ်အာဏာရှင်စနစ်ကျရှုံးရေးပါပဲ။

နောက်ပြီး၊ ဘုံရန်သူရဲ့ မိတ်ဆွေတွေဟာလည်း ပြည်သူ့ရန်သူပဲဆိုတာလည်း နားလည်ထားပြီးဖြစ်တဲ့အတွက် မိုပိုသတိထား၊ ပိုမိုစိတ်ဓာတ်ကြံ့ခိုင်၊ ပိုမိုညီညွတ်ကြဖို့ အထူးလိုအပ်ပါတယ်။

ဘုံရန်သူကို focus ထား

You may have missed