Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 13, 2025

ခလရ ၂၇၅ကို စစ်ကောင်စီက ပြန်လည်တပ်စွဲထားသော်လည်း မြဝတီမြို့ကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ခလရ ၂၇၅ကို စစ်ကောင်စီက ပြန်လည်တပ်စွဲထားသော်လည်း မြဝတီမြို့ကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ဧပြီ ၂၄၊ VOR

မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ကို စစ်ကောင်စီက ပြန်လည်တပ်စွဲထားသောလည်း မြဝတီမြို့ကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သတင်းဌာနကို ယမန်နေ့က ပြောဆိုသည်။

မြဝတီ မြို့ဧရိယာတွင်း ကရင်နယ်ခြားစောင့်တပ် BGF တပ်နှင့် စစ်ကောင်စီတပ်က ပူးတွဲအုပ်ချုပ်တော့မည့် အခြေအနေအတွက် နှစ်ဖက်ညှိနှိုင်းပြီး နယ်မြေရှင်းလင်း နေရာပြန်ယူခြင်းများ လုပ်နေပြီဖြစ်ကြောင်း BGF တပ်၊ စစ်ကောင်စီတပ်တို့နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပြောဆိုမှုကို RFA က သတင်းဖော်ပြထားသည်။

ဧပြီ ၁၁ ရက်နေ့က တော်လှန်ရေးတပ်များ သိမ်းယူခဲ့သည့် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ကို BGF အကူအညီဖြင့် စစ်ကောင်စီတပ်က ယမန်နေ့ ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည်နေရာယူထားနိုင်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြဝတီမြို့တွင် စစ်ရေး၊ စီးပွားရေး ၊လုံခြုံရေးကိစ္စများကို ကရင်လက်နက်ကိုင်အဖွဲ လေးဖွဲ့က တာဝန်ရှိသူများ ဆွေးနွေးညှိနိုင်းခဲ့ကြပြီးနောက် ယခုလို တပ်ပြန်ဆုတ်ခြင်း၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခြင်းများကို တွေ့မြင်ရခြင်းဖြစ်ကြောင်း မြဝတီမြို့ခံတစ်ဦးက RFA ကို‌ပြောသည်။

စစ်ကောင်စီဘက်က လက်ကြီးများဖြင့် ပစ်ခတ်ကာ အင်အားများပြားသဖြင့် ကော့ကရီတ်မြို့မှ တော်လှန်ရေးတပ်များဆုတ်ခွာခဲ့ရကြောင်း ဧပြီ ၂၂ရက်တွင် သတင်းများက ဖော်ပြကြသည်။

လက်ရှိမှာ KNLA မဟာမိတ်အဖွဲ့များ တပ်ပြန်ဆုတ်ပေးရခြင်း နေရာပြန်ပေးရခြင်းများနှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ခလရ ၂၇၅ကို စစ်ကောင်စီက ပြန်လည်တပ်စွဲထားသော်လည်း မြဝတီမြို့ကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ခြင်း မရှိသေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

You may have missed