တံတား(၂)စစ်ဆင်ရေးမအောင်မြင်ခဲ့ပါဘူး။ မြဝတီမြို့အတွက်ပေးဆပ်လိုက်ရတဲ့ PDF အသက်တွေကို နှမြောတသရင်း စစ်ကူယာဉ်တန်းကိုချေမှုန်းမှုကတော့ မတန်ပေမယ့် ရလာဒ်ကောင်းခဲ့ပါတယ်။ မြဝတီကိုသာမရောက်ရင်တော့ စစ်ရှုံးကောင်စီရဲ့ ဂုဏ်သိက္ခာဟာ ထိုင်းတွေရှေ့အရှက်ကွဲတော့မှာမို့ ကျားစီးဘီလူးစီးတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဘယ်လိုနည်းနဲ့ပဲ ရှေ့တက်ရတက်ရ ဓါတုအဆိပ်ဗုံးတွေလည်း ထုတ်သုံးနေတဲ့ သာလွန်အင်အားအောက်မှာ မိမိတို့တပ်တွေ ဆုတ်နေရချိန်လည်း ဖြစ်ပါတယ်။ ဗိုလ်တာဘောတို့ရဲ့ လတ်လတ်ဆတ်ဆတ်အောင်မြင်မှုကို ရှုစားရင်း သီချင်းထဲကလို မစည်းလုံးတဲ့ တောင်ပိုင်းကရင်တို့ရဲ့ ဇာတ်လမ်းဟာ တနေ့နေ့တော့ ကျားလားနွားလားကွဲပြားသွားမယ်ဆိုတာ ယုံကြည်ရင်း ….. (ကျော်စိုး တင်ပြသည်)

More Stories
အဆိုတော်နိုဗန်ထူး၊ MC ကယားလေးတို့ဖျော်ဖြေခဲ့တဲ့ KNDF ဗျူဟာ ၇ သင်တန်းဆင်းပွဲ
ဘုံရန်သူကို focus ထား
လောင်းကစားဆန်တဲ့မြဝတီမြို့သိမ်းတိုက်ပွဲ