Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 13, 2025

ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဉ် ၂စင်းဖြင့် လေကြောင်းကင်းလှည့်နေ

ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဉ် ၂စင်းဖြင့် လေကြောင်းကင်းလှည့်နေ

ဧပြီ ၂၁ ၊ VOR

ထိုင်းနိုင်ငံ မဲဆောက်ခရိုင် လေပိုင်နက်အတွင်း F-16 တိုက်လေယာဉ် ၂စင်းဖြင့် မြဝတီတိုက်ပွဲ နယ်ကျော်မလာရေးအတွက် ထိုင်းတော်ဝင်လေတပ်က လေကြောင်းကင်းလှည့်မှု လုပ်နေကြောင်း ထိုင်းသတင်းမီဒီယာများထံက သိရသည်။

ယမန်နေ့ ဧပြီလ ၂၀ရက် နံနက်ပိုင်းမှ စတင်ကာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) အနီးတွင် စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေပြီး ထိုင်းစစ်တပ်ကလည်း အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်သည်။

ထိုင်းအာဏာပိုင်များအနေဖြင့် စစ်ဘေးကြောင့် ဝင်ရောက်လာသူ မြန်မာများကို ကူညီစောင့်ရှောက်မှုများပေးနေသလို မြန်မာဘက်ခြမ်းမှ စစ်မီးများ ထိုင်းနယ်မြေပေါ်ကို ကျရောက်မလာရေး လုံခြုံရေးအရ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြထားသည်။

ထိုင်းတော်ဝင်လေတပ်က F-16 တိုက်လေယာဉ် ၂စင်းဖြင့် လေကြောင်းကင်းလှည့်နေ

You may have missed