Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 21, 2026

စစ်တပ်က အမှတ် ၂ ချစ်ကြည်ရေးတံတားဝန်းကျင်ကို လေယာဉ်ဖြင့်ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်နေ

စစ်တပ်က အမှတ် ၂ ချစ်ကြည်ရေးတံတားဝန်းကျင်ကို လေယာဉ်ဖြင့်ဗုံးကြဲပြီး စက်သေနတ်ဖြင့် ပစ်ခတ်နေ(ရုပ်သံ)

ဧပြီ ၂၀၊ VOR

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နယ်၊ အမှတ် ၂ ချစ်ကြည်ရေး တံတားပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှစတင်ကာ တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်ဖြင့် ပစ်ခတ်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

မြန်မာစစ်ရှောင် ပြည်သူများမှာလည်း ထိုင်းဘက်အခြမ်းသို့ အဆက်မပြတ် ကူးနေကြကြောင်း၊ စစ်ရှောင်ပြည်သူများကို ထိုင်းအာဏာပိုင်များက စောင့်ရှောက်ထားကြောင်း သိရသည်။

အဆိုပါ ချစ်ကြည်ရေးတံတားအနီးတွင် မြဝတီမြို့စောင့်တပ် ခလရ ၂၇၅မှ ထွက်ပြေးသွားသောစစ်ကောင်စီတပ်သားများနှင့် KNLA ပူးပေါင်းတပ်တို့ ယမန်နေ့ ဧပြီလ ၁၉ရက် ညပိုင်းမှ စတင်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ထိုင်းစစ်တပ်မှလည်း လုံခြုံရေးအထူးစောင့်ကြည့် လျက်ရှိသည်။

https://www.facebook.com/VORLiveNews/videos/824228433084129

You may have missed