Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
October 31, 2025

တိုက်ပွဲသတင်းများ - 16.4.2024

တိုက်ပွဲသတင်းများ – 16.4.2024

သင်္ကြန်ကာလအတွင်းမှာပဲ စစ်ကောင်စီကစစ်ကြောင်းထိုးလာနေတဲ့ ဆီဆိုင်မြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အမတ ၅၀၇ နှင့် ခမရ ၅၀၉ တပ်ရင်းမှ ဗိုလ်ကြီး ဝေလင်းမောင် နှင့် ဗိုလ် အောင်ကျော်ထွန်း ဒုတပ်ကြပ်အပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ကြောင်း ပအို့ဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က သတင်းထုတ်ပြန်ပါတယ်။ ဒီ့မတိုင်ခင် အေပရယ်လ ၁၄ ရက်နေ့ တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က အရာရှိ ၁၁ ဉီး အပြင်းအထန်ဒဏ်ရာရခဲ့ပြီး ၂ ဉီးဟာ အောင်ပန်းကုတင် ၇၀၀ ဆေးရုံမှာသေဆုံးခဲ့ပါသေးတယ်

မန္တလေးတိုင်း ပြင်ဉီးလွင်မြို့နယ် နှင့် ရှမ်းပြည်နယ် နောင်ချိုမြို့နယ်အစပ် သရက်ကုန်းကျေးရွာဘက်မှာလည်း သင်္ကြန်တွင်းတိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး အဆီုပါတိုက်ပွဲမှာတော့ ရန်သူစစ်ကောင်စီဘက်က ၂၁ ဉီးသေဆုံးကာ လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိထားတယ်လို့ တိုက်ပွဲအောင်မြင်ခဲ့တဲ့ PDF (MANDALAY) က သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲဟာ ဧပြီလ ၁၅ ရက်နေ့ ၊နံနက် ၅ နာရီ ၃၀ မိနစ်အချိန် နောင်ချိုမြိုနယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီစခန်းကို ပီဒီအက်ဖ်များက ထိုးစစ်ဆင် တိုက်ခိုက်တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ညနေ ၄ နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်တွင် စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုလည်း ၅ ကြိမ်ထိရှိခဲ့ပြီး ရန်သူဘက်မှ စစ်ကူလာသော စစ်ကြောင်း ၂ ကြောင်းကို ထပ်မံပိတ်ဆို့ တိုက်ခိုက်နိုင်ခဲ့ကြောင်း ၊ အဲ့ဒီလို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ တိုက်ခိုက်အောင်မြင်မှုအောက်မှာ စစ်ကောင်စီတပ်များဟာ ထိခိုက်သေဆုံးများစွာနဲ့ ဆုတ်ခွာသွားခဲ့ရပါတယ်။ သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် ၄၀ ကျော် ၊ ၆၀မမ ၂ လက် ၊ Drone Jammer ၁ ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် စစ်သားအလောင်း ၂၁ လောင်း သိမ်းဆည်းရမိခဲ့ကြောင်းအပြင် တိုက်ပွဲအတွင်း စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် PDF (မန္တလေး) ဘက်ကလည်း ကျဆုံး ပေးဆပ်မှုအချို့ ရှိခဲ့ကြောင်း သိရှိရပါတယ်

စ်ရေးရှုံးနိမ့်မှုကို ဘက်ပေါင်းစုံက ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ သင်္ကြန်တွင်းလူငယ်တွေ မူးယစ်ပျော်ပါးနေအောင် သိမ်းသွင်းထားပေမယ့် စစ်ခေါင်းဆောင်နှစ်ဉီးဖြစ်တဲ့ မင်းအောင်လှိုင် နှင့် စိုးဝင်းတို့နှစ်ဉီးကတော့ မဟာသင်္ကြန်ကာလမှာတောင် အခမ်းအနားတက်မရဲဘဲ ခြေရာဖျောက်နေကြပါတယ်။ စစ်တိုင်းနယ်မြေအသီးသီးမှာ တော်လှန်ရေးဘက်ပြောင်းလာမှုတွေရှိနေဆဲဖြစ်သလို စစ်ကောင်စီရဲ့ နယ်ခြားစောင့်တပ်တွေဟာလည်း နီးစပ်ရာတဘက်နိုင်ငံကို ပြေးဝင်ခိုလှုံဖို့ ချောင်းနေကြတာတွေ့ရပါတယ်။ ဒီအချိန်မှာပဲ နေပြည်တော်က လွှတ်တော်ဂိတ်ပေါက် ၄ မှ ရဲအချင်းချင်း ရန်ဖြစ်ရာမှ သေ နတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲ ၃ ဦး သေဆုံးသွားကြောင်း သိရပါတယ်။ အဲ့ဒီလို ဧပြီလ ၁၅ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန်ဖြစ်စဉ်ဟာ နေပြည်တော်ရှိ လွှတ်တော်ဥက္ကဋ္ဌ တီခွန်မြတ် ရုံးထိုင်တဲ့ လွှတ်တော် အမှတ် ၄ ဂိတ်ပေါက်မှာ ဖြစ်ပွားခဲ့တာပါ။ လုံခြုံရေးတာဝန်ကျနေသော ရဲများအကြား ခိုက်ရန်ဖြစ်ပွားကြပါတယ်။ ထို့နောက် ရဲတပ်သားဖြစ်သူ ပိုင်စိုးဦးက ကင်းမှူး ရဲတပ်ကြပ်ကြီး မျိုးနိုင်ဦး၊ အလှည့်ကျ ကင်းသမား ရဲတို့ကို သေနတ်ဖြင့် ပစ်ခတ်လို့ ရဲတပ်ကြပ်ကြီး မျိုးနိုင်ဦးနှင့် အလှည့်ကျ ကင်းသမားတို့ သေဆုံးပါတယ်။၊ ပစ်ခတ်သူ ရဲတပ်သား ပိုင်စိုးဦးကလည်း မိမိကိုယ်ကို အဆုံးစီရင်သွားတာဖြစ်ပါတယ်။ ပစ်သူကော ပစ်ခံရသူသုံးဉီးလုံးသေသွားကြပြီး ၄င်းရဲတပ်သားတွေဟာ အမှတ် ၁၇ ရဲတပ်ရင်းမှ ဖြစ်ကြောင်း သိရှိရပါတယ်

ရခိုင့်တပ်တော် အေအေ ရဲ့ဉီးဆောင်မှုအောက်မှာ စစ်ရေးစစ်ရာတိုက်ခိုက်မှုအတွေ့အကြုံများစွာကို ရရှိခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ကတော့ YDF ခေါ် ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပဲ ဖြစ်ပါတယ်။ ရခိုင်ဒေသမှာရရှိခဲ့တဲ့ တိုက်ပွဲအောင်မြင်မှုများစွာကို ဖော်ဆောင်ရာမှာ ယောပြည်သူ့ကာကွယ်ရေးတပ်သားတွေလည်း ပါဝင်ပူးပေါင်းခဲ့ကြပါတယ်။ အဲ့ဒီလို မဟာမိတ်တပ်တွေနှင့်အောင်ပွဲဆင်အပြီး နေရပ်ပြန်လာတဲ့ YDF ရဲဘော်တွေကို ယောပြည်သူလူထုက အောင်သပြေပန်းဖြင့် ကြိုဆိုခဲ့ကြတာကို မြင်ရမှာပါ။ ယောကာကွယ်ရေးတပ်သည် ၃နှစ်တာကာလအတွင်း အခြေခံ စစ်သင်တန်းကို အပတ်စဉ် (၁၄)အထိ ရခိုင်ဒေသများနှင့် တိုင်းရင်းသားနယ်မြေများတွင် စစ်ပညာသင်ယူခဲ့ကြပြီး ယခုကဲ့သို့ မိမိ နေရပ်သို့ ပြန်လည် ရောက်ရှိလာတာပါ။ ရခိုင်ပြည်၊ ကျောက်တော်မြို့ရှိ စစ်ဘက်၊ ရဲဘက် တပ်ရင်းတပ်စခန်း ဗျူဟာတပ်မများကို သိမ်းနိုင်သည်အထိ တိုက်ပွဲအတွေ့အကြုံတွေကို အသက်နဲ့ရင်းနှီးရယူနိုင်ခဲ့ကြပါပြီ။ အခုလိုတပ်နှင်ပြည်သူ ကြည်ဖြူချစ်ခင်နေကြတဲ့ မြင်ကွင်းတွေဟာ တော်လှန်ပြည်သူအားလုံးတွက် နှစ်ထောင်းအားရဖြစ်စေခဲ့ပါတယ်။ တော်လှန်ရေးကြီး အပြီးသတ်အောင်နိုင်သည်ထိ ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း ယောကာကွယ်ရေးတပ်(YDF) စစ်ရုံးချုပ်ရဲ့ သတင်းပြန်ကြားရေးဌာန က အသိပေးထုတ်ပြန်ထားပါတယ်

တိုင်းပြည်ကို အဆိုးဝါးဆုံးအခြေအနေရောက်စေခဲ့တဲ့ စစ်အုပ်စုအပေါ် ကူညီသူတွေကတော့ စစ်ကောင်စီရဲ့စစ်ရှုံးမှုနှင့်တချိန်တည်းမှာပဲ ကြမ္မာငင်နေကြပါတယ်။ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ မတရား စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းပေးနေတဲ့ ဘုရားထူးရွာ ရာအိမ်မှူး သန်းဝင်းဆိုသူဟာ သေနတ်သမားရဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။ အဆိုပါ ဧပြီလ ၁၄ ရက်နေ့ ညနေ ၆ နာရီခန့်ဖြစ်စဉ်မှာတော့ ရာအိမ်မှူး သန်းဝင်းဟာ ဘုရားထူးကျေးရွာမှနေပြီး ငါန်းဇွန်မြို့ကို စစ်မှုထမ်းဥပဒေဖြင့် အမည်စာရင်း ကောက်ယူဖို့ ဆိုင်ကယ်နဲ့သွားပါတယ်။ ရွှေလင်ပန်းတောရကျောင်းအနီး အရောက် လမ်းမှာပဲ အဖွဲ့မသိရသေးတဲ့ သေနတ်သမား ၄ ဦးက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ရွာသစ်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ရာအိမ်မှူး သန်းဝင်းဟာ ပွဲချင်းပြီး သေဆုံးပါတယ်။ အလားတူပါပဲ ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတုန်းကလည်း စစ်ကိုင်းမြို့၊ မန်းကျီးစင်ရပ်ကွက် အုပ်ချုပ်ရေးမှူး လင်းအောင်ဆိုသူဟာ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုကိုခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ အုပ်ချုပ်ရေးမှူး လင်းအောင်ဟာ ၄င်းရဲ့ အဓမ္မလုပ်ငန်းများအပေါ် ကူညီပေးနေမှုကြောင့် ၎င်းနေအိမ်၌ပင် နေထိုင်ရဲခြင်းမရှိဘဲ တပ်မ ၃၃ ထဲ သွားရောက်နေထိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ မတရားစစ်မှုထမ်းဖို့ မင်းအောင်လှိုင်ရဲ့ စီစဉ်မှုဟာ ပြည်သူတွေကို ၄င်းတို့အစားသေခိုင်းဖို့ သေတွင်းထဲတွန်းချတဲ့ အကြံဆိုးသာဖြစ်ပါတယ်။ ဒီဥပဒေစတင်အသက်ဝင်တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့နောက်ပိုင်း စစ်အုပ်စုကို ကူညီနေတဲ့သူတွေဟာ အခုလိုပဲ တယောက်ပြီးတယောက် အသက်အန္တရာယ်စိုးရိမ်နေကြ သေဆုံးနေကြတာ ဖြစ်ပါတယ်

https://www.facebook.com/VORLiveNews/videos/1944814509264015

You may have missed