ဧပြီ ၁၃၊ VOR
စစ်အာဏာရှင် မင်းအောင်လှိုင်တို့ နေဝင်ချိန်ဟာ အလွန်နီးကပ်လာပါပြီ။
လုံခြုံလှပါပြီလို့ထင်ရတဲ့ နေပြည်တော်ဟာလည်း အချိန်မရွေး နေရာမရွေး ဝေဟင်ကနေ ဒရုန်းစာကျွေးခံရပြီး အာဏာရှင်မင်းအောင်လှိုင်နေတဲ့ အိမ်အထိကိုပါ ခြိမ်းခြောက်ထားပါပြီ။
ဒုတိယစစ်ခေါင်းဆောင်ဖြစ်တဲ့ စိုးဝင်းကိုတောင်
ဒရုန်းအစွမ်းနဲ့ မရဏမင်းရဲ့ချောင်းဟန့်သံပေးထားနိုင်ပြီ။
အရပ်ရှစ်မျက်မျက်နှာမှာ ရှုံးပြီးရင်းရှုံးနေတဲ့ သူ့ရဲ့စစ်သားတွေရဲ့ စိတ်ဓါတ်တွေဟာ အောက်ဆုံးအဆင့်အထိရောက်နေချိန်မှာ နေပြည်တော်မှာလည်း စစ်ဗိုလ်ချုပ်တွေအချင်းချင်း မင်းအောင်လှိုင်ကို ဖြုတ်ချဖို့ကြံတဲ့ သတင်းတွေ ကြားလာရပါတယ်။ စစ်ဗိုလ်ချုပ်တွေ အချင်းချင်းကြားမှာ မယုံကြည်မှုတွေ၊ သံသယတွေ၊ အကြောက်တရားတွေတိုးလာပြီး ဘာနဲ့တူသလဲဆိုရင် မီးမတောက်သေးဘဲ တငွေ့ငွေ့လောင်နေနဲ့ ဖွဲမီးပုံကြီးနဲ့ တူပါတယ်။
လေပြင်းပြင်း တချက်ဝှေ့လိုက်ရင် ဟုတ်ခနဲ ထလောင်တော့မှာပါ။
အိမ်နီးချင်းနိုင်ငံတွေကလည်း စကစရဲ့ ရုပ်ပျက်ဆင်းပျက် ယိုယွင်းလာတဲ့ အာဏာယန္တရားကြီးကို တွေ့မြင်လာကြပြီး လေသံလည်း ပြောင်းစပြုလာပါပြီ။
အောက်ခြေက စစ်သားတွေကတော့ ဝါဒမှိုင်းတွေအောက်မှာ “တိုင်းပြည်နဲ့လူမျိုးအတွက်” ဆိုတဲ့ဂျင်းကြီးကိုစားပြီး ဆက်အသေခံနေကြတုန်း။
အမြော်အမြင်၊ ယုံကြည်ချက်၊ စိတ်ဓါတ်၊ သစ္စာတရား၊ လူထုထောက်ခံမှု လုံးဝမရှိတဲ့ စစ်တပ်ဟာ နောက်ဆုံးမှာ ရှုံးရတာပါပဲ။ မျက်မှောက် တိုက်ပွဲတွေက သာဓကပါပဲ။
အာဏာရှင်တွေဟာ လိမ္မာလာရိုးထုံးစံမရှိ။
အာဏာကို သေသည့်တိုင် ဖက်တွယ်ကာကွယ်သွားမှာပါ။
အဲဒီအတွက် ရက်စက်ယုတ်မာနိုင်သမျှ ယုတ်မာကြလိမ့်အုံးမှာပါ။ နောက်ဆုံးမှာ မရှုမလှ ကျရှုံးမှာပါ။
မင်းအောင်လှိုင်ဟာ ပြုတ်မကျသေးသော်လည်း သူ့အကုသိုလ်တွေဟာ သူ့အနားရောက်နေပါပြီ။ သူအိပ်နေရင်း မက်တဲ့အိပ်မက်တွေဟာ ပျော်စရာကောင်းတဲ့ အိပ်မက်တော့လုံးဝမဖြစ်နိုင်။ ဒီနေ့ နဲ့ မနက်ဖြန် ငါ ဘာဖြစ်သွားနိုင်လဲဆိုတဲ့ ခြောက်ခြားမှုမီးစကြီး ရင်ဝမှာ ကိန်းနေမှာ အသေအချာပါပဲ။
မင်းအောင်လှိုင်မှ မဟုတ်၊ သူ့ဇနီး သူ့မိသားစု၊ သူ့အဖွဲ့သားလုံး ထိုနည်းတူစွာပဲ။ သူတို့နေဝင်ချိန်ကို သူတို့ လှမ်းမြင်ရလောက်ပါပြီ။
စစ်အာဏာရှင်တို့နေဝင်ပြီးရင် လူထုအောင်ပွဲနှင့်အတူ
မဟာသင်္ကြန်ပွဲ ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြမယ်။
မိတ်ဆွေများ ကျန်းမာဘေးကင်းကြပါစေ။


I’m extremely impressed along with your writing skills and also with the layout in your blog. Is that this a paid subject matter or did you customize it yourself? Either way stay up the nice high quality writing, it is uncommon to peer a great weblog like this one nowadays!