Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
May 13, 2025

‌နေ့စဉ်သတင်းအစီအစဉ် (6.4.2024 - VOR)

နေ့စဉ်သတင်းအစီအစဉ် (6.4.2024 – VOR)

လက်ကျန်မြို့စောင့်တပ်နှင့်မြဝတီမြို့အလားအလာ

——————————————-

အေပရယ်လ ၅ ရက်နေ့ဟာ ရုတ်တရက် သတင်းကောင်းတွေနဲ့အတူ တော်လှန်ပြည်သူတွေရဲ့ ရင်ကို အေးမြစေခဲ့ပါတယ်။ ဒါကတော့ မြဝတီမြို့နယ်တဝိုက်က စစ်ကောင်စီရဲ့ တပ်ရင်းစခန်းနှင့် ဗျူဟာတွေကို KNLA/PDF တပ်တွေက သိမ်းပိုက်နိုင်ခဲ့ကြလို့ပါပဲ။ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အာဏာရူးစစ်အုပ်စု အထိနာတိုင်းမှာ ပြည်သူတွေအခုလိုပဲ ပျော်ကြရပါတယ်။ မီးလောင်ပြင် သစ်ငုတ်ထီးထီးသာကျန်တဲ့ စစ်ကောင်စီမီးရှို့တဲ့ ရွာတွေကိုမြင်ရပြန်လည်း ပြည်သူတွေဟာ စိတ်နှလုံးချုံးချုံးကျ ကြေကွဲရပြန်ပါတယ်။ ပြည်သူ့သယံဇာတတွေနဲ့ စစ်အင်အားကို အဆမတန်တည်‌ဆောက်လာတဲ့ စစ်တပ်ဟာ ပြီးခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာ အမျိုးသမီးစစ်သည်အင်အားအများစုကိုသုံးပြီး မထင်မရှား ပွဲထွက်ခဲ့ရပါတယ်။ ပြည်သူ့နှလုံးမသိမ်းကျုံးရင်ဆိုတဲ့ စာဆိုအတိုင်း အင်အားကြီးမားခြင်းဟာ ၄င်းတို့ရက်စက်ယုတ်မာဖို့ အခွင့်အရေးသာစေရုံမျှသာဖြစ်ပါတယ်။ ခုဆိုရင် မြန်မာနိုင်ငံတဝန်းက အရှေ့အနောက်တောင်မြောက် ပတ်ပတ်လည်မှာ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တရားသောစစ်ကြောင့် မင်းအောင်လှိုင်လက်အောက်ခံတွေဟာ လက်နက်ချထွက်ပြေးအလံဖြူထောင်ခြင်းတွေကသာ သတင်းစာမျက်နှာတိုင်းကို ဖုံးလွှမ်းနေတာ တွေ့ရပါတယ်။ အခုသတင်းတင်ဆက်နေချိန်မှာဆိုရင်လည်း မြဝတီမြိုံရဲ့ မြို့စောင့်တပ်လို့ နားလည်ထားကြတဲ့ ခမရ ၂၇၅ ဟာ KNLA/PDF တပ်တွေရဲ့ ပိတ်ဆို့ဖြတ်တောက်မှုအောက်မှာ ကြောက်ဒူးတုန်နေရပါပြီ။ အလံဖြူထောင်မလား ဝင်တိုက်တာခံမလားဆိုတဲ့ လမ်းနှစ်လမ်းတလမ်းကို အကျပ်ရိုက်တိုင်ပင်နေကြရပြီဖြစ်ပါတယ်။ ဒီအချိန်မှာပဲ မြဝတီမြို့မှာ ဖုန်းလိုင်းအင်တာနက်လိုင်းပြတ်တောက်မှုတွေကြုံနေကြရသလို လေယာဉ်ဝဲပျံမှုတွေဟာလည်း ခပ်စိပ်စိပ်တွေ့နေရပါတယ်။ ဒါဟာ ၄င်းတို့လို့ လေကြောင်းပစ်အားမရှိတဲ့ တော်လှန်တပ်တွေကို ခြိမ်းခြောက်နိုင်ဖို့ တခုတည်းသော စစ်ရေးနည်းလမ်းဖြစ်ပြီး ကင်းထောက်နေတာဖြစ်နိုင်ကြောင်းလည်း ယူဆရပါတယ်။ လက်နက်မဲ့ဘဝဆန္ဒပြရာမှ အခုဆိုရင် လက်နက်ကိုယ်စီပိုင်ဆိုင်လာပြီဖြစ်တဲ့ ဖိနှိပ်ခံတွေဟာ စစ်မိစ္ဆာတွေကို အမြစ်ဖြတ်ဖို့ ပြတ်သားခဲ့ကြပါပြီ။ အေပရယ်လ ၄ ရက်နေ့က နေပြည်တော်စစ်ရုံးချုပ်တွေအနီးထိပျံဝဲလာတဲ့ ဒရုန်းတွေဟာ အပျော်တမ်းအဆင့်သာရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုမှုဟာ ၄င်းတို့ရဲ့ အင်အားကြီးမားဟန်ပြထားတဲ့ စစ်တပ်ဟာ အပျော်တမ်းအဆင့်တိုက်ခိုက်မှုကိုတောင် လုံခြုံအောင်တားဆီးနိုင်စွမ်းမရှိဘူးလို့ ဝန်ခံရာလည်း ကျသွားပါတယ်။ ဒါဟာ အာဏာသိမ်းသက်တမ်း ၃ နှစ်ကျော်အတွင်း အကြီးမားဆုံးသော လေကြောင်းခြိမ်းခြောက်ခံရမှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါပြီ။ ခုတော့ ဒီလိုတော်လှန်လူငယ်တွေရဲ့ အပျော်တမ်းနည်းပညာကိုတောင် ဘာလို့ မတားဆီးနိုင်ရသလဲဆိုပြီး ဒေါသူပုန်တွေထလို့ ခေါင်းချင်းရိုက်တိုင်ပင်နေကြပါပြီ။ အလားတူပဲ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်နယ်စပ်မြို့ကြီးဖြစ်တဲ့ မြဝတီမြို့အနီးမှာ သင်ကန်းညီနောင်ဗျူဟာနှင့် ၃၅၅,၃၅၆,၃၅၇ တပ်တွေ ရှိခဲ့ပေမယ့်လည်း အခုဆိုရင် မတ်လ ၇ ရက်နေ့ကစတဲ့ တော်လှန်ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့ထိုးစစ်မှာ ၃၅၅,၃၅၆ သာမက မနေ့ကဆိုရင် အင်အားအပြည့်အစုံနဲ့ ၃၅၇ ကော ဗျူဟာကုန်းပါ အားလုံးကျသွားခဲ့ပါပြီ။ ဒါဟာ စစ်အင်အားမပြည့်ဝပေမယ့် ပြည်သူအားထား ပြည်သူ့အားကိုးနဲ့ ပြည်သူ့တော်လှန်ရေးရဲ့ စွမ်းအားတွေဆိုတာ စစ်ကောင်စီတွေ သိသွားလောက်ပါပြီ။ တနိုင်ငံလုံးမှာ လုံခြုံရေးနည်းပညာအမြင့်ဆုံးအတင်းကျပ်ဆုံးဆိုတဲ့ နေပြည်တော်ထိကို ဖိနှိပ်ခံလူငယ်တွေရဲ့ ဒရုန်းတွေ အရောက်ပျံလို့ အောင်ပွဲခံခဲ့တာထောက်ရင် အခုသိမ်းပိုက်ခံရဖို့ကျန်ရှိနေသေးတဲ့ မြဝတီ ၂၇၅ တပ်ရင်းကို တော်လှန်ရေးဒရုန်းဗုံးသီးတွေ ဝဲပျံကြဲချအနိုင်ယူဖို့ဆိုတာ အချိန်မရွေးလို့ ဆိုနိုင်ပါပြီ။ ကော့ကရိတ်လမ်းမတကြောမှာလည်း ‌အကူစစ်ကြောင်းတွေကို ဖြတ်တောက်ထားနိုင်ပြီဖြစ်လို့ မင်းအောင်လှိုင်နောက်လိုက်တွေအနေနဲ့ အမြန်ဆုံး လက်နက်ချ ထမင်းစား ရုပ်သံထုတ်လွှင့်ဖို့ ဉာဏ်ကောင်းရင် စဉ်းစားနိုင်ကြပါမယ်။ ပြည်သူတွေကတော့ ၂၇၅ ဘယ်တော့လက်နက်ချမလဲ သို့မဟုတ် ဘယ်‌တော့သိမ်းပိုက်ခံရမလဲ စောင့်မျှော်နေကြပါပြီ။ ဒီလိုပြောနိုင်တာကတော့ မြဝတီမြို့စောင့် (ခမရ-၂၇၅) နဲ့ လေးကေကော်အမြောက်ကုန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)နဲ့ ပြည့်သူကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေက ဧပြီ ၆ ရက်နေ့ နေ့လည်ပိုင်းကတည်းက ဝိုင်းရံပိတ်ဆို့ထားကြလို့ပါပဲ။ ခမရ ၂၇၅ ဆိုတာ မြဝတီမြို့နဲ့ဆိုရင် သုံးမိုင်ခန့်သာ ကွာဝေးတဲ့ စခန်းတခုပါ။ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၁ Albino Tiger Company-1 ဆိုတဲ့ သတင်းစာမျက်နှာမှာတော့ အဆိုပါ ၂၇၅ တပ်ရင်း အလံဖြူထောင်သွားပြီ အင်အား ၄၀၀ လို့ ရေးတင်ထားပေမယ့် ဆက်သွယ်ရေးပြတ်တောက်နေမှုနှင့်အတူ အတည်မပြုနိုင်တဲ့ သတင်းတပုဒ်အဖြစ်သာ တည်ရှိနေဆဲပါ။ VOR ပရိသတ်များခင်ဗျား ခမရ ၂၇၅ အနေနဲ့ မင်းအောင်လှိုင်အတွက် အသေခံတိုက်မလား အသာတကြည်လက်နက်အပ်မလား ဆုံးဖြတ်နေစဉ်မှာပဲ ကေအန်ယူရဲ့တရားဝင်သတင်းထုတ်ပြန်ချက်အရ အေပရယ်လ ၅ ရက်နေ့က သင်ကန်းညီနောင်ဗျူဟာကို တော်လှန်တပ်တွေအနိုင်ယူလိုက်တဲ့ပွဲမှာ အရာရှိအဆင့်(၆၇) ဦး၊ အခြားနှင့်တပ်သားအဆင့် (၄၁၀) ဦး၊ တပ်မိသားစုအပါအဝင် စုစုပေါင်း (၆၁၇) ဦး လက်နက်ချ အညံ့ခံခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။ မြဝတီမြို့မှာပိတ်မိနေတဲ့ စစ်ကောင်စီဒေါက်တိုင်အုပ်စုတွေနဲ့ မြို့စောင့်တပ်အဖြစ် တွေဝေနေတဲ့ ခမရ ၂၇၅ တပ်တွေ အရေအတွက်ဘယ်လောက်ထိ အမြင်မှန်ရ လက်နက်ချမလဲဆိုတာကို အတူတူစောင့်ကြည့်ကြရပါဉီးမယ်။ တရားသောစစ်အောင်မြင်ပါစေကြောင်းဆုတောင်းရင်းနဲ့ ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်အားလုံး ဘေးကင်းပါစေကြောင်းကိုလည်း VOR ဝိုင်းတော်သားတွေက ဆုတောင်းမေတ္တာပို့သလျက်ရအေပရယ်လ ၅ ရက်နေ့ဟာ ရုတ်တရက် သတင်းကောင်းတွေနဲ့အတူ တော်လှန်ပြည်သူတွေရဲ့ ရင်ကို အေးမြစေခဲ့ပါတယ်။ ဒါကတော့ မြဝတီမြို့နယ်တဝိုက်က စစ်ကောင်စီရဲ့ တပ်ရင်းစခန်းနှင့် ဗျူဟာတွေကို KNLA/PDF တပ်တွေက သိမ်းပိုက်နိုင်ခဲ့ကြလို့ပါပဲ။ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ အာဏာရူးစစ်အုပ်စု အထိနာတိုင်းမှာ ပြည်သူတွေအခုလိုပဲ ပျော်ကြရပါတယ်။ မီးလောင်ပြင် သစ်ငုတ်ထီးထီးသာကျန်တဲ့ စစ်ကောင်စီမီးရှို့တဲ့ ရွာတွေကိုမြင်ရပြန်လည်း ပြည်သူတွေဟာ စိတ်နှလုံးဂျုံးဂျုံးကျ ကြေကွဲရပြန်ပါတယ်။ ပြည်သူ့သယံဇာတတွေနဲ့ စစ်အင်အားကို အဆမတန်တည်‌ဆောက်လာတဲ့ စစ်တပ်ဟာ ပြီးခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာ အမျိုးသမီးစစ်သည်အင်အားအများစုကိုသုံးပြီး မထင်မရှား ပွဲထွက်ခဲ့ရပါတယ်။ ပြည်သူ့နှလုံးမသိမ်းကျုံးရင်ဆိုတဲ့ စာဆိုအတိုင်း အင်အားကြီးမားခြင်းဟာ ၄င်းတို့ရက်စက်ယုတ်မာဖို့ အခွင့်အရေးသာစေရုံမျှသာဖြစ်ပါတယ်။ ခုဆိုရင် မြန်မာနိုင်ငံတဝန်းက အရှေ့အနောက်တောင်မြောက် ပတ်ပတ်လည်မှာ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တရားသောစစ်ကြောင့် မင်းအောင်လှိုင်လက်အောက်ခံတွေဟာ လက်နက်ချထွက်ပြေးအလံဖြူထောင်ခြင်းတွေကသာ သတင်းစာမျက်နှာတိုင်းကို ဖုံးလွှမ်းနေတာ တွေ့ရပါတယ်။ အခုသတင်းတင်ဆက်နေချိန်မှာဆိုရင်လည်း မြဝတီမြိုံရဲ့ မြို့စောင့်တပ်လို့ နားလည်ထားကြတဲ့ ခမရ ၂၇၅ ဟာ KNLA/PDF တပ်တွေရဲ့ ပိတ်ဆို့ဖြတ်တောက်မှုအောက်မှာ ကြောက်ဒူးတုန်နေရပါပြီ။ အလံဖြူထောင်မလား ဝင်တိုက်တာခံမလားဆိုတဲ့ လမ်းနှစ်လမ်းတလမ်းကို အကျပ်ရိုက်တိုင်ပင်နေကြရပြီဖြစ်ပါတယ်။ ဒီအချိန်မှာပဲ မြဝတီမြို့မှာ ဖုန်းလိုင်းအင်တာနက်လိုင်းပြတ်တောက်မှုတွေကြုံနေကြရသလို လေယာဉ်ဝဲပျံမှုတွေဟာလည်း ခပ်စိပ်စိပ်တွေ့နေရပါတယ်။ ဒါဟာ ၄င်းတို့လို့ လေကြောင်းပစ်အားမရှိတဲ့ တော်လှန်တပ်တွေကို ခြိမ်းခြောက်နိုင်ဖို့ တခုတည်းသော စစ်ရေးနည်းလမ်းဖြစ်ပြီး ကင်းထောက်နေတာဖြစ်နိုင်ကြောင်းလည်း ယူဆရပါတယ်။ လက်နက်မဲ့ဘဝဆန္ဒပြရာမှ အခုဆိုရင် လက်နက်ကိုယ်စီပိုင်ဆိုင်လာပြီဖြစ်တဲ့ ဖိနှိပ်ခံတွေဟာ စစ်မိစ္ဆာတွေကို အမြစ်ဖြတ်ဖို့ ပြတ်သားခဲ့ကြပါပြီ။ အေပရယ်လ ၄ ရက်နေ့က နေပြည်တော်စစ်ရုံးချုပ်တွေအနီးထိပျံဝဲလာတဲ့ ဒရုန်းတွေဟာ အပျော်တမ်းအဆင့်သာရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုမှုဟာ ၄င်းတို့ရဲ့ အင်အားကြီးမားဟန်ပြထားတဲ့ စစ်တပ်ဟာ အပျော်တမ်းအဆင့်တိုက်ခိုက်မှုကိုတောင် လုံခြုံအောင်တားဆီးနိုင်စွမ်းမရှိဘူးလို့ ဝန်ခံရာလည်း ကျသွားပါတယ်။ ဒါဟာ အာဏာသိမ်းသက်တမ်း ၃ နှစ်ကျော်အတွင်း အကြီးမားဆုံးသော လေကြောင်းခြိမ်းခြောက်ခံရမှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါပြီ။ ခုတော့ ဒီလိုတော်လှန်လူငယ်တွေရဲ့ အပျော်တမ်းနည်းပညာကိုတောင် ဘာလို့ မတားဆီးနိုင်ရသလဲဆိုပြီး ဒေါသူပုန်တွေထလို့ ခေါင်းချင်းရိုက်တိုင်ပင်နေကြပါပြီ။ အလားတူပဲ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်နယ်စပ်မြို့ကြီးဖြစ်တဲ့ မြဝတီမြို့အနီးမှာ သင်ကန်းညီနောင်ဗျူဟာနှင့် ၃၅၅,၃၅၆,၃၅၇ တပ်တွေ ရှိခဲ့ပေမယ့်လည်း အခုဆိုရင် မတ်လ ၇ ရက်နေ့ကစတဲ့ တော်လှန်ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့ထိုးစစ်မှာ ၃၅၅,၃၅၆ သာမက မနေ့ကဆိုရင် အင်အားအပြည့်အစုံနဲ့ ၃၅၇ ကော ဗျူဟာကုန်းပါ အားလုံးကျသွားခဲ့ပါပြီ။ ဒါဟာ စစ်အင်အားမပြည့်ဝပေမယ့် ပြည်သူအားထား ပြည်သူ့အားကိုးနဲ့ ပြည်သူ့တော်လှန်ရေးရဲ့ စွမ်းအားတွေဆိုတာ စစ်ကောင်စီတွေ သိသွားလောက်ပါပြီ။ တနိုင်ငံလုံးမှာ လုံခြုံရေးနည်းပညာအမြင့်ဆုံးအတင်းကျပ်ဆုံးဆိုတဲ့ နေပြည်တော်ထိကို ဖိနှိပ်ခံလူငယ်တွေရဲ့ ဒရုန်းတွေ အရောက်ပျံလို့ အောင်ပွဲခံခဲ့တာထောက်ရင် အခုသိမ်းပိုက်ခံရဖို့ကျန်ရှိနေသေးတဲ့ မြဝတီ ၂၇၅ တပ်ရင်းကို တော်လှန်ရေးဒရုန်းဗုံးသီးတွေ ဝဲပျံကြဲချအနိုင်ယူဖို့ဆိုတာ အချိန်မရွေးလို့ ဆိုနိုင်ပါပြီ။ ကော့ကရိတ်လမ်းမတကြောမှာလည်း ‌အကူစစ်ကြောင်းတွေကို ဖြတ်တောက်ထားနိုင်ပြီဖြစ်လို့ မင်းအောင်လှိုင်နောက်လိုက်တွေအနေနဲ့ အမြန်ဆုံး လက်နက်ချ ထမင်းစား ရုပ်သံထုတ်လွှင့်ဖို့ ဉာဏ်ကောင်းရင် စဉ်းစားနိုင်ကြပါမယ်။ ပြည်သူတွေကတော့ ၂၇၅ ဘယ်တော့လက်နက်ချမလဲ သို့မဟုတ် ဘယ်‌တော့သိမ်းပိုက်ခံရမလဲ စောင့်မျှော်နေကြပါပြီ။ ဒီလိုပြောနိုင်တာကတော့ မြဝတီမြို့စောင့် (ခမရ-၂၇၅) နဲ့ လေးကေကော်အမြောက်ကုန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)နဲ့ ပြည့်သူကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တွေက ဧပြီ ၆ ရက်နေ့ နေ့လည်ပိုင်းကတည်းက ဝိုင်းရံပိတ်ဆို့ထားကြလို့ပါပဲ။ ခမရ ၂၇၅ ဆိုတာ မြဝတီမြို့နဲ့ဆိုရင် သုံးမိုင်ခန့်သာ ကွာဝေးတဲ့ စခန်းတခုပါ။ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၁ Albino Tiger Company-1 ဆိုတဲ့ သတင်းစာမျက်နှာမှာတော့ အဆိုပါ ၂၇၅ တပ်ရင်း အလံဖြူထောင်သွားပြီ အင်အား ၄၀၀ လို့ ရေးတင်ထားပေမယ့် ဆက်သွယ်ရေးပြတ်တောက်နေမှုနှင့်အတူ အတည်မပြုနိုင်တဲ့ သတင်းတပုဒ်အဖြစ်သာ တည်ရှိနေဆဲပါ။ VOR ပရိသတ်များခင်ဗျား ခမရ ၂၇၅ အနေနဲ့ မင်းအောင်လှိုင်အတွက် အသေခံတိုက်မလား အသာတကြည်လက်နက်အပ်မလား ဆုံးဖြတ်နေစဉ်မှာပဲ ကေအန်ယူရဲ့တရားဝင်သတင်းထုတ်ပြန်ချက်အရ အေပရယ်လ ၅ ရက်နေ့က သင်ကန်းညီနောင်ဗျူဟာကို တော်လှန်တပ်တွေအနိုင်ယူလိုက်တဲ့ပွဲမှာ အရာရှိအဆင့်(၆၇) ဦး၊ အခြားနှင့်တပ်သားအဆင့် (၄၁၀) ဦး၊ တပ်မိသားစုအပါအဝင် စုစုပေါင်း (၆၁၇) ဦး လက်နက်ချ အညံ့ခံခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။ မြဝတီမြို့မှာပိတ်မိနေတဲ့ စစ်ကောင်စီဒေါက်တိုင်အုပ်စုတွေနဲ့ မြို့စောင့်တပ်အဖြစ် တွေဝေနေတဲ့ ခမရ ၂၇၅ တပ်တွေ အရေအတွက်ဘယ်လောက်ထိ အမြင်မှန်ရ လက်နက်ချမလဲဆိုတာကို အတူတူစောင့်ကြည့်ကြရပါဉီးမယ်။ တရားသောစစ်အောင်မြင်ပါစေကြောင်းဆုတောင်းရင်းနဲ့ ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်အားလုံး ဘေးကင်းပါစေကြောင်းကိုလည်း VOR ဝိုင်းတော်သားတွေက ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။

You may have missed