Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
October 28, 2026

နေ့စဉ်သတင်းအစီအစဉ် (5.4.2024 - VOR)

နေ့စဉ်သတင်းအစီအစဉ် (5.4.2024 – VOR)

တောင်ပိုင်းစစ်သည်တွေ ဝိုင်းဆော်လို့ ညီနောင်က ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ်တယောက် အောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားတာ နှမြောစရာပါပဲ။ မြဝတီက ၂၇၅ ကိုတော့ တိုက်နေတုန်းပါပဲလို့ စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းနှင့် ခမရ(၃၅၇)တပ်ရင်းတို့ကို ၂၀၂၄ခုနှစ် ဧပြီလ(၅)ရက်နေ့မှာပဲ KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးပါပြီ။

–

နိုင်ငံတကာက လေယာဉ်ဆီတွေ မြန်မာစစ်ကောင်စီထံ ရောင်းချတာတွေမလုပ်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် ၄၇ နိုင်ငံက ဧပြီ ၄ ရက်မှာ ဆုံးဖြတ်ချက် ချလိုက်ကြပါပြီ။ မြန်မာပြည်မှာ ၂၀၂၁ ခုနှစ် မတရားအာဏာသိမ်းမှုကြီး ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ထိရောက်တဲ့ဘာအကူအညီမှမရခဲ့လို့ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မြန်မာပြည်သူတွေဘက်က မမျှော်လင့်တော့တာ ကြာပါပြီ။ လုံခြုံ​ရေး နှင့် လူ့အခွင့်အ​ရေး ကောင်စီ (UNHRC) ကတော့ ၄င်းတို့လုပ်ရိုးလုပ်စဉ်အတိုင်း ဆွေးနွေးပွဲတွေကို တံခါးပိတ်လိုက်ဖွင့်လိုက်ပုံမှန်ကျင်းပခဲ့ကြပါတယ်။ ဧပြီလ ၄ ရက်နေ့မှာတော့ ပထမဆုံးအကြိမ်အဖြစ် တံခါးဖွင့်အစည်းအဝေး ပြန်ကျင်းပခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ အကြမ်းဖက် စစ်အုပ်စုထံ ​ပေးပို့​နေ​တဲ့ လေယာဥ်ဆီ ထောက်ပံ့​ရေး ကွင်း​ဆက်၊ တင်ပို့ ​ရောင်းချခြင်းကို ရပ်တန့်ရှောင်ကြဥ်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ပထမဆုံးအကြိမ်အဖြစ် တောင်းဆိုလိုက်ပါပြီ

–

နောက်သတင်းတပုဒ်အနေနဲ့ ကမ္ဘာ့ကုလသမဂ္ဂအစည်းအဝေးများမှာ အာဏာသိမ်းအုပ်စုကို အရေးယူဖို့ ဆုံးဖြတ်ချက်ချလိုက်တိုင်း ကန့်ကွက်နေတဲ့တရုတ်ဟာ ရခိုင့်တပ်တော်နှင့် စစ်အုပ်စုတို့ရဲ နှစ်ဖက်တိုက်ပွဲကြားမှာလည်း ဝင်ရောက်စေ့စပ်ဖို့ ကြိုးစားနေတဲ့ အကြောင်း ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က အရှုံးနဲ့ကြုံနေတဲ့အချိန်မှာပဲ ရခိုင်ပြည်နယ် အမြန်ဆုံးပြန်တည်ငြိမ်ဖို့ လုပ်သွားမယ့်အကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်အစိုးရ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် မစ္စတာ ဂုံးရှောင်က ပြောလိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း ဧပြီလ ၄ ရက်နေ့မှာ အခုလိုပြောလိုက်တာဖြစ်ပြီး တရုတ်အစိုးရ ကိုယ်စားလှယ်အဖွဲ့လည်း မြန်မာနိုင်ငံကို ရောက်နေပြီလို့ ဆိုပါတယ်။

You may have missed