Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
April 24, 2026

နေပြည်တော်ဒရုန်းတိုက်ခိုက်မှုသည် စစ်ကောင်စီကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် နိုင်ငံတကာမီဒီယာများတွင် ဝေဝေဆာဆာဖော်ပြ

နေပြည်တော်ဒရုန်းတိုက်ခိုက်မှုသည် စစ်ကောင်စီကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် နိုင်ငံတကာမီဒီယာများတွင် ဝေဝေဆာဆာဖော်ပြ

ဧပြီ ၅၊ VOR

စစ်တပ်တစ်ခုလုံးကို ကွတ်ကဲနေသော နေပြည်တော်စစ်ရုံးနှင့် လေတပ်ကို ဒရုန်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ နိုင်ငံတကာမီဒီယာများတွင် စစ်ကောင်စီကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဝေဝေဆာဆာဖော်ပြနေကြသည်။

ယမန်နေ့ ဧပြီလ ၄ရက်နေ့တွင် နေပြည်တော်ကို ဒရုန်းများဖြင့် တိုက်ခိုက်မှုသတင်းကို နိုင်ငံတကာ သတင်းမီဒီယာများ အများစုတွင် စစ်ကောင်စီ၏ လုံခြုံရေးကို ခြိမ်းခြောက်သော ဖြစ်စဉ်အဖြစ်လည်းကောင်း ၊ နိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်များ၏ နယ်မြေစိုးမိုးမှု မြင့်တက်လာသည့်အခြေအနေများကို လည်းကောင်း ဖော်ပြနေကြသည်။

ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နေအိမ်အပါအဝင် နေပြည်တော်စစ်ရုံးချုပ်နှင့် အေလာလေတပ်ကို ပြည်သူ့ကာကွယ်ရေးရဲဘော်များက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ နေပြည်တော်ရှိ ထိပ်တန်းစစ်ခေါင်းဆောင်များနှင့် ၎င်းတို့ကို ထောက်ခံသူများအား ထိန့်လန့်မှုဖြစ်စေခဲ့သည်။

အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်၍ Taipei Times, Bangkok Post, The Washington Post. Tokyo Times အစရှိသည့် သတင်းမီဒီယာများတွင်စစ်ကောင်စီကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဝေဝေဆာဆာဖော်ပြနေကြသည်။

You may have missed