ဧပြီ ၅၊ VOR
တရုတ် – မြန်မာနယ်စပ် လွယ်ဂျယ်မြို့မှာရှိ စစ်ကောင်စီတပ်လက်အောက် အစိုးရရုံးများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဧပြီလ ၄ ရက်နေ့ က ချိတ်ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများထံက သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် လွယ်ဂျယ်မြို့အတွင်းရှိ စစ်ကောင်စီတပ်သားများကို ငြိမ်းချမ်းစွာတပ်ဆုတ်ထွက်ခွာသွားရန် သတိပေးပြောခဲ့ရာ ဧပြီလ ၂ ရက်နေ့တွင် ရဲစခန်းကို ဝင်ရောက်ရှင်းလင်းသိမ်းပိုက်ခဲ့ပြီး အစိုးရရုံးများကို ဧပြီလ ၄ ရက်နေ့ တွင် ချိတ်ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
လွယ်ဂျယ်မြို့တွင်းရှိ စျေး၊ ဆေးရုံနှင့် အုပ်ချုပ်ရုံးများတွင် စစ်ကောင်စီအလံများကို ဖြုတ်သိမ်းကာ “ယခုနေရာအား သိမ်းပိုက်စိုးမိုးထားပြီ”ဟု သတိပေးစာများကို လည်း ကပ်ထားကြောင်း သိရသည်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်