Categories

April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
November 7, 2025

အမေရိကန်နိုင်ငံတွင် ကျင်းပမည့် ၂၄ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ပွဲသို့ ကယန်းတိုင်းရင်းသူ မြန်မာ မွေထိုင်းလက်ဝှေ့မယ် ဘရော်နီကာ ‌တက်ရောက်မည်

အမေရိကန်နိုင်ငံတွင် ကျင်းပမည့် ၂၄ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ပွဲသို့ ကယန်းတိုင်းရင်းသူ မြန်မာ မွေထိုင်းလက်ဝှေ့မယ် ဘရော်နီကာ ‌တက်ရောက်မည်

ဧပြီ ၄၊ VOR

အမေရိကန်နိုင်ငံတွင် ကျင်းပမည့် ၂၄ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ပွဲသို့ ကယန်းတိုင်းရင်းသူ မြန်မာ မွေထိုင်းလက်ဝှေ့မယ် ဘရော်နီကာ ‌တက်ရောက်ရန် ရောက်ရှိနေပြီဖြစ်ကြောင်း American Karan Organization ထံက သိရသည်။

” US သွားတာပွဲသွားထိုးတာမဟုတ်ဘူးနော USမှာရှိတဲ့ ကျွန်တော်တို့ Kayan လူမျိုးတွေက KAYAN အမျိုးသားနေ့အတွက် ကျွန်တော်ကိုဖိတ်ကြားထားလို့သွားရောက် Support တာပါနော သတင်းတွေကအမျိုးမျိုးရေးနေကြတော့ သိအောင်ရှင်းတာပါ မျှော်နေကြမှာစိုးလို့” ဟု ဘရော်နီကာက သူမ၏ Facebook စာမျက်နှာတွင် အသိပေးထားသည်။

လာမည့် ဧပြီလ ၆ရက်နေ့တွင် ကျရောက်မည့် ၂၄ ကြိမ်မြောက် ကယန်းအမျိုးသားနေ့ပွဲကို ကယန်းတိုင်းရင်းသား ညီအကိုမောင်နှမများအားလုံးပါဝင်ပေးကြရန်လည်း ဘရော်နီကာက တိုက်တွန်းထားသည်။

ဘရော်နီကာသည် Thai Fight, KING’s CUP / ထိုင်းဘုရင့် ဆုဖလားကို (၂) နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံး အမျိုးသမီးဖိုက်တာ၊ မွေထိုင်းချန်ပီယံ တစ်ဦးဖြစ်သည်။

You may have missed