Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 16, 2025

မြန်မာ- တရုတ်နယ်စပ် လွယ်ဂျယ်မြို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်

မြန်မာ- တရုတ်နယ်စပ် လွယ်ဂျယ်မြို့ကို KIA ပူးပေါင်းတပ်က သိမ်းပိုက်

မတ် ၂၉၊ VOR

မြန်မာ- တရုတ်နယ်စပ် လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့နံနက်ပိုင်းတွင် အပြီးသတ် ဝိုင်းရံပိတ်ဆို့ သိမ်းပိုက်လိုက်ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များထံက သိရသည်။

ဗန်းမော်- လွယ်ဂျယ်လမ်းမတလျှောက် စစ်ကောင်စီတပ်စခန်း (၇) ခု ကို KIA ပူးပေါင်းတပ်က တပြိုင်နက် ဝင်တိုက်ခဲ့ရာ မတ်လ ၂၇ ရက်နှင့် ၂၈ ရက်တွင် စခန်းငယ် အများအပြား အပါအဝင် စခန်းကြီး (၄) ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ မတ်လ ၂၉ ရက်နေ့တွင် လွယ်ဂျယ်မြို့ကို သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ၀ိုင်းပတ်ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်နှင့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများကို ယမန်နေ့တစ်ရက်အတွင်း ထွက်ခွာခွင့်ပေးခဲ့ကြောင်း သိရသည်။

လွယ်ဂျယ်မြို့ သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံးချွန်းကောင်တီနှင့် နယ်နမိတ် ထိစပ်လျက်ရှိပြီး မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်​ရေး စခန်းရှိ​သော မြို့ ဖြစ်ရာ အဆိုပါနယ်စပ်ကုန်သွယ်​ရေးစခန်းကို အဓိက ထိန်းချုပ်ထား​သော ​ယောယုံစခန်းကို KIA က မတ်လ ၂၇ရက်နေ့က သိမ်းပိုက်ခဲ့သည်။

You may have missed