Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
June 24, 2026

ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်

ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်

မတ် ၂၈၊ VOR

ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၂၇ရက်နေ့တွင် စစ်ကောင်စီတပ်က ထီခိုးကျေးရွာအတွင်းပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ထီခိုးကျေးရွာမှ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့မှာ ကျေးရွာအတွင်း ပိတ်မိနေခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့တွင်ပင် ပင်လောင်းမြို့နယ် နမ့်တုတ်ကျေးရွာအနီး နေ့လည် ၂နာရီအချိန်ခန့်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း မီးလောင်ဗုံးကျဲချတိုက်ခိုက်ခြင်းကြောင့် ပြည်သူ၏ စည်းအိမ်ဥစ္စာများ ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။

ထိုတိုက်ခိုက်မှုကြောင့် စက်လှေဆိပ်တွင်ရပ်နားထားသည့် ပြည်သူပိုင် ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့တွင် ဆီဆိုင်မြို့ပေါ်ကိုလည်း လက်နက်ကြီးဖြင့် အကြိမ် ၂၀ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

You may have missed