မတ် ၂၈၊ VOR
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို KIAပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံက သိရသည်။
မတ်လ ၂၇ ရက် နံနက်ပိုင်းမှစတင်ပြီး ဗန်းမော်-လွယ်ဂျယ်လမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ် စခန်း ၇ ခုကို KIA နဲ့ ပူးပေါင်းတပ်တွေက တစ်ပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တရုတ်-မြန်မာနယ်စပ်၊ လွယ်ဂျယ် နယ်စပ်ဂိတ်အနီးတွင် စစ်ကောင်စီတပ်စခန်း ၁၀ ခုခန့်ရှိသည့်အနက်မှ လော့ဒန်နှင့် လော့မွန် စစ်ကောင်စီတပ်စခန်းကြီး ၂ ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

https://www.facebook.com/VORLiveNews/videos/1094082525045028

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ