Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
July 8, 2025

နွားထိုးကြိးမြို့ ရဲစခန်း နှင့် ဆောက်လုပ်ရေး ရုံးတို့ကို ပစ်ခတ်တိုက်ခိုက်

တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် နွားထိုးကြိးမြို့ ရဲစခန်း နှင့် ဆောက်လုပ်ရေး ရုံးတို့ကို ပစ်ခတ်တိုက်ခိုက်

မတ် ၂၈၊ VOR

တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် နွားထိုးကြိးမြို့ ရဲစခန်း နှင့် ဆောက်လုပ်ရေး ရုံးတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြင်းခြံခရိုင် တပ်ရင်း ၄က သတင်းထုတ်ပြန်သည်

မတ်လ ၂၆ရက် တော်လှန်ရေးနေ့ အကြိုနေ့ညနေ ၄ နာရိခွဲ အချိန်တွင် စစ်တပ် အထိုင်ချ တပ်စွဲထားသော နွားထိုးကြိးမြို့ ရဲစခန်း နှင့် ဆောက်လုပ်ရေး ရုံးတို့အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ အထိအခိုက် စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် မတ်လ ၂၇ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်တွင် နွားထိုးကြီးမြို့ အ​ရှေ့ဘက် အနီးတွင် ရှိသော စစ်တပ်အထိုင်စခန်း တစ်ခုအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အများအပြား ထိခိုက်သေဆုံးမူ့ ရှိသည်ဟု မျက်မြင် ပြည်သူတစ်ဦး၏ သတင်းပေးချက် အရ သိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မူများကို မြင်းခြံခရိုင်အမှတ်(၄) တပ်ရင်းနှင့် အတူ နွားထိုးကြိးမြို့နယ် (ပ က ဖ)၊ မြင်းခြံမြို့နယ် (ပ က ဖ) တို့ အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်း သိရသည်။

https://www.facebook.com/VORLiveNews/videos/950284950163668

You may have missed