မတ် ၂၇၊ VOR
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်က မြို့သစ် ကုန်းလောအခြေစိုက် ခမရ ၃၈၇နှင့် ၃၂၀တပ်ရင်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်တို့က ယမန်နေ့က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ပိုင်းတွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာ အခြေစိုက် ခမရ-၃၂၀ တပ်ရင်း ဌာနချုပ်နှင့် မြို့သစ်ရှိ စလောင်းကုန်း ပင်မစခန်း အပါအဝင် ကာကင်းစခန်း ၇ခု ကိုပါ ကချင်လွတ်လပ်ရေးတပ်မတော် KIAနှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
မတ်လ ၇ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ်အတွင်း စစ်ကောင်စီစခန်းများကို KIA ရက္ခိုင့်တပ်တော် (AA)၊ NUG လက်အောက်ရှိ PDF ၊ ဒေသတွင်းအခြေစိုက် ကချင် PDF များနှင့် စစ်ကိုင်းတိုင်းအခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
https://www.facebook.com/VORLiveNews/videos/3719857228284681
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ