Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
December 9, 2025

မိုင်းခေါင်ရွာသစ် စခန်းမှ တပ်ရင်းမှူး နှင့်အဖွဲ့ထွက်ပြေးသွားသဖြင့် KIA က အလွယ်တကူ သိမ်းပိုက်

မိုင်းခေါင်ရွာသစ် စခန်းမှ တပ်ရင်းမှူး နှင့်အဖွဲ့ထွက်ပြေးသွားသဖြင့် KIA က အလွယ်တကူ သိမ်းပိုက်

မတ် ၂၄၊ VOR

မံစီမြို့နယ်၊ မိုင်းခေါင်ရွာသစ် စခန်းကိုKIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ရန် ချဉ်းကပ်လာစဉ် ၎င်းစခန်းမှ ဒုတပ်ရင်းမှူး နှင့်အဖွဲ့သည် ထွက်ပြေးသွားသဖြင့် KIA က သိမ်းပိုက်ရရှိကြောင်း သိရသည်။

မတ်လ ၂၃ ရက်နေ့ ညသန်းခေါင်အချိန်တွင် မိုင်းခေါင်ရွာသစ် စခန်း၏ ခလရ ၁၂၁ မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး သန့်ဇင်ကိုကို ဦးဆောင်သော စစ်အင်အား ၅၀ ခန့်သည် စစ်ကြောင်းဖြင့် ထွက်ပြေးသွားသဖြင့် ယနေ့ နံနက် အစောပိုင်းတွင် KIA က တပ်စွဲလိုက်ကြောင်း သိရသည်။

လက်ရှိတွင် KIA နှင့် မဟာမိတ်တပ်များက လိုက်လံရှင်းလင်းနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

You may have missed