မတ် ၂၀၊ VOR
ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုန်းမြို့နှင့် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ဒရုန်းများ ပစ်ခတ်လျက်ရှိကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်- PNLA က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီသည် နေ့စဉ် ပအိုဝ်းဒေသကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးနေလျက်ရှိပြီး ယမန်နေ့တွင်လည်း လက်နက်ကြီးများ ဒရုန်းများဖြင့် ဆက်လက်ပစ်ခတ်နေဆဲဖြစ်သည်ဟု ဆိုသည်။
ယမန်နေ့တွင် စစ်ကောင်စီသည် ဆိုက်ခေါင်ကျေးရွာတွင် အခြေစိုက်သည့် လက်နက်ကြီးဖြင့် ဆီဆိုင်မြို့ကို အချက်ပေါင်း ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့ရှိ လမ်းမကြီးပေါ် နှင့် ကျေးရွာအချို့တွင်လည်း စစ်ကောင်စီက ပစ်ခတ်သည့် မပေါက်ကွဲသေးသည့် လက်နက်ကြီးများလည်း အများအပြားရှိနေဆဲဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် အချက်ပေါင်း ၄၀ ကျော်ပစ်ခတ်ခဲ့သည်ဟု PNLA က ထုတ်ပြန်ထားသည်။



More Stories
နေ့စဉ်ရုပ်သံသတင်းအစီအစဉ်(25.8.2024)
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်