Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
April 24, 2026

စမ်းချောင်းမြို့နယ်အတွင်း စစ်မှုထမ်းရန်ဆင့်ခေါ်ကူညီသူများ၏ မသားစုဝင်များကိုပါ အရေးယူမည်ဟု ပုံနှင့်တကွထုတ်ပြန်

စမ်းချောင်းမြို့နယ်အတွင်း စစ်မှုထမ်းရန်ဆင့်ခေါ်ကူညီသူများ၏ မိသားစုဝင်များကိုပါ အရေးယူမည်ဟု ပုံနှင့်တကွထုတ်ပြန်

မတ် ၂၀၊ VOR

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင် မတရားအသင်းဖြစ်သော စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အား နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ထားသော စစ်တပ်၊ ရဲ၊ ထွေအုပ်များပေါင်းကာ ဖွဲ့စည်းထားပြီး စမ်းချောင်းမြို့နယ်နေ ပြည်သူများအား အလိုမတူဘဲ အနိုင်ကျင့်ဗိုလ်ကျကာ စစ်တပ်ထဲသွင်းပြီး လူသားဒိုင်းအဖြစ်အသုံးချရန်ကြံစည်နေခြင်းအား လုံးဝလက်မခံဘဲ ဆန့်ကျင်ကြောင်း အသိပေးထုတ်ပြန်သည်။

စမ်းချောင်းမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ၊ ရာအိမ်မှုး ၊ ဆယ်အိမ်မှူး နှင့် အပေါင်းအပါများ၏ မိသားစုဝင်စာရင်းများ ၊ သတင်းအချက်အလက်များကို စုစည်းထားပြီး စစ်မှုထမ်းဥပဒေကို ဆက်လက်ဖိအားပေးလုပ်ဆောင်ပါက ယင်းစာရင်းများကို ရန်ကုန်မြို့ပြစစ်ဆင်ရေး အဖွဲ့များထံပေးပို့မည်ဟု ဆိုသည်။

ယနေ့ မတ်လ ၁၉ ရက်တွင် စစ်ကောင်စီထောက်တိုင်အဖြစ်လုပ်ဆောင်နေသူများအား ဓာတ်ပုံများနှင့်တကွ အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီ၏ စစ်မှူထမ်းဥပဒေအတွက် ကူညီလုပ်ဆောင်ပေးသူများကို အရေးယူဆောင်ရွက်မည်ဟု ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ ငါးဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။

You may have missed