Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 15, 2025

သုံးကြိမ် သုံးခါ မေးမြန်းပြီး လေလံတင်ရောင်း ချခဲ့ရာ ဝယ်ယူသူမရှိသဖြင့် နေအိမ်ရှေ့က လေလံတင်ပွဲ မအောင်မြင်

သုံးကြိမ် သုံးခါ မေးမြန်းပြီး လေလံတင်ရောင်း ချခဲ့ရာ ဝယ်ယူသူမရှိသဖြင့် နေအိမ်ရှေ့က လေလံတင်ပွဲ မအောင်မြင်

မတ် ၂၀၊ VOR

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံအမှတ် ၅၄ ကို မတ်လ ၂၀ ရက်၊ မနက်ပိုင်းက သုံးကြိမ် သုံးခါ မေးမြန်းပြီး လေလံတင်ရောင်း ချခဲ့ရာ ဝယ်ယူသူမရှိသဖြင့် လေလံပွဲမအောင်မြင်ခဲ့ကြောင်း သိရသည်။

ခြံအမှတ် ၅၄ ကို ကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်း ၅ သောင်း (ကျပ် ၃၁၅ ဘီလီယံ) နဲ့ လေလံကြမ်းခင်းဈေး သတ်မှတ်ပြီး နေအိမ်ရှေ့မှာတွင် လေလံတင်ရောင်းချမှုပြုလုပ်ဖို့ ကမာရွတ်ခရိုင် တရားရုံးက ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်တွင် အမိန့်ချမှတ် ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၀ပြည့်နှစ်ကတည်းက ခြံအမှတ် ၅၄ နေအိမ်နှင့် ခြံကွက် အမွေမှုနှင့် ပတ်သက်၍ ဦးအောင်ဆန်းဦးက ခြံအမှတ် (၅၄) အတွင်းက ရှိသမျှကို လေလံတင်ရောင်းချပြီး ရရှိသည့်ငွေကို မောင်နှမနှစ်ယောက် ခွဲဝေမည်ဟု အမှုစတင်ခဲ့ရာ ခြံအတွင်းရှိ နှစ်ထပ်တိုက်ပါဝင်သည့် အနောက်ဘက်အခြမ်းကို ဒေါ်အောင်ဆန်းစုကြည် ရယူရန်နှင့် တစ်ထပ်တိုက်ပါဝင်သည့် အရှေ့ဘက်ခြမ်းကို သားအကြီးဖြစ်သူ ဦးအောင်ဆန်းဦး ဘက်ကရယူရန် ၂၀၁၆ ခုနှစ်တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက အမိန့်ချမှတ်ထားခဲ့သည်။

ယင်း အမိန့်နှင့်ပတ်သက်ပြီး ဦးအောင်ဆန်းဦးက ကျေနပ်မှုမရှိတဲ့အတွက် နေအိမ်ကို ရောင်းချပြီး ရရှိငွေကို တစ်ဝက်စီခွဲဝေရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို ထပ်မံလျှောက်ထား တောင်းဆိုခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ဖမ်းဆီးခံထားရသည့် ၂၀၂၁ခုနှစ်တွင် တရားရုံးက အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

ခြံအမှတ် (၅၄)၏အိမ်နှင့် ခြံကို အမျိုးသားအဆင့် ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသောကြောင့် ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချပါက အရေးယူသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ -NUG က ထုတ်ပြန်ထားသည်။

You may have missed