မတ် ၂၀၊ VOR
ကရင်ပြည်နယ် ၊ ကျိုက်ဒုံဗျုဟာကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ချ ခဲ့သည့် ဗျုဟာမှူးဗိုလ်မှူးကြီး အပါအဝင် တပ်ဖွဲ့ဝင် ၆၀ ကျော်ကို ညှဉ်းပန်းနှိပ်စက်ခြင်းမရှိဘဲ စစ်သုံ့ပန်းဥပဒေနှင့်အညီ ထားရှိထားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်သည်။
အမှတ် (၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ၊ အမှတ် (၃) နည်းဗျုဟာအဖွဲ့ ရဲ့ ဗျုဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး ဦးဆောင်သည့် ကျိုက်ဒုံ ဗျုဟာစခန်းကုန်းကို KNU တပ်မဟာ (၆) နှင့် ပူးပေါင်းတပ်က မတ်လ ဒုတိယပတ်အတွင်း သိမ်းယူခဲ့ခြင်းဖြစ်သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၁၁ ဦး အကျအဆုံးရှိပြီး ၄ ဦးဒဏ်ရာရကာ ဗျုဟာမှူး ဗိုလ်မှူးကြီးနဲ့ အရာရှိ ၁၂ဦးအပါအဝင် ၆၆ ဦး လက်နက်ချအညံခံခဲ့ကြောင်း KNU ကထုတ်ပြန်သည်။
KNU နဲ့ ပူးပေါင်းတပ်ဘက်မှလည်း ၂ ဦး ကျဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံ ဗျုဟာ စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ချခဲ့သည့် ဗျုဟာမှူး နှင့် အရာရှိ ၁၂ ဦးအပါအဝင် ၆၆ ဦးကို လူသားချင်းစာနာထောက်ထားမှု အနေဖြင့် ညှင်းပန်းနှိပ်စက်ခြင်းမရှိဘဲ. ဘေးကင်းလုံခြုံ စွာစောင့်ရှောက်ထားကြောင်း KNU က ဆိုသည်။
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်