Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 15, 2025

သမိုင်းဝင် ခြံအမှတ် (၅၄)လေလံကိစ္စ အဓိကလုပ်ကိုင်သော ဗဟန်းမြို့နယ်ထွေအုပ်နှင့် စည်ပင်ရုံးအား ရန်ကုန်ပကဖ ဖောက်ခွဲတိုက်ခိုက်

သမိုင်းဝင် ခြံအမှတ် (၅၄)လေလံကိစ္စ အဓိကလုပ်ကိုင်သော ဗဟန်းမြို့နယ်ထွေအုပ်နှင့် စည်ပင်ရုံးအား ရန်ကုန်ပကဖ ဖောက်ခွဲတိုက်ခိုက်

မတ် ၁၉၊ VOR

ဒေါ်​အောင်ဆန်းစုကြည်​​၏ သမိုင်းဝင် ခြံအမှတ်(၅၄)နေအိမ် လေလံကိစ္စတွင် အဓိကပါဝင်လုပ်ကိုင်​ပေးနေသည့် ဗဟန်းမြို့နယ် စည်ပင်ရုံးနှင့် ထွေအုပ်ရုံးဟောင်းအား ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က အဝေးထိန်းမိုင်းဖြင့် တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းနှင့် ကုက္ကိုင်းရိပ်သာလမ်းထောင့်ရှိ ဗဟန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးဟောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် မြို့နယ် စည်ပင်သာယာရေးကော်မတီရုံးကို ယ​နေ့ (မတ်လ ၁၉ရက်) နံနက်စော ၄နာရီခန့်က ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့) က အဝေးထိန်းမိုင်းဖြင့် တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း​ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဘန်ကာတွင်းကင်းစောင့်​နေ​သော ရဲနှစ်ဦးပွဲချင်းပြီး ​သေဆုံးကာ အိပ်ပျော်နေသော စစ်ကောင်စီတပ်သားအများအပြား ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့​ကြောင်း အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးကြောင်း ရန်ကုန် ပကဖ က ထုတ်ပြန်ထားသည်။

ယခုတိုက်ခိုက်မှုသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သမိုင်းဝင် ခြံအမှတ် (၅၄) ၏ ခြံ လေလံကိစ္စမြေပုံ၊ မြေရာဇဝင်များအတွက် အဓိကဇာတ်ကောင်အဖြစ် လုပ်ကိုင် ဆောင်ရွက် ပေးခဲ့သည့် စစ်ကျွန်ဗဟန်းစည်ပင်အား ပြင်းထန်​သောအ​ရေးယူမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန် ပကဖက ဆိုသည် ။

​ထို့အပြင် ပြည်သူလူထုနှင့်ဆန့်ကျင်​သောလုပ်ရပ်များ ကျူးလွန်​နေ​သူ မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို ရန်ကုန်ပကဖ က လက်ပိုက်ကြည့်နေမည်မဟုတ်ဘဲ ယခုထက် ပိုမို ပြင်းထန်​သော အ​ရေးယူတိုက်ခိုက်မှုများကို စနစ်တကျ ပြုလုပ်သွားမည်ဟုလည်း ရန်ကုန်ပကဖက ဆိုသည်။

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက သတိ​ပေးထားသည်။

You may have missed