မတ် ၁၉၊ VOR
လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်မြို့က အုပ်ကြီးများကို တပ်သားသစ်စုဆောင်းပါက ပြင်းထန်စွာအရေးယူမည်ဟု TNLA က ယနေ့ သတိပေးချက် ထုတ်ပြန်လိုက်သည်။
TNLA စစ်ဒေသအတွင်းရှိ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊နောင်ချို၊ မိုးကုတ်၊ မိုးမိတ်မြို့များတွင် ပြည်သူ့လုံခြုံရေးကို ခြိမ်းခြောက်ကာ စစ်မှုထမ်းရန် စစ်ကောင်စီမှ အဓမ္မစစ်သားစုဆောင်းနေကြောင်းကို PSLF/TNLA ထံ ပြည်သူများက တိုင်ကြားလာကြကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
စစ်ကောင်စီသည် ရပ်ကွက်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို သတ်မှတ်ထားသည့် တပ်သားသစ်ဦးရေအတိုင်း စစ်ကောင်စီထံသို့ ပို့ဆောင်ရန် ချမှတ်လာကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ အချို့နေရာများတွင် မလွှဲရှောင်သာ အကောင်ထည်ဖော်နေသည်ကို သိရှိရကြောင်း TNLA က ဆိုသည်။
မြန်မာစစ်ကောင်စီထံ စစ်မှုထမ်းရန် အုပ်ချုပ်ရေးမှူးများကို အဓမ္မ စုဆောင်းနေခြင်းကို မြို့မိမြို့ဖအပါအဝင် ရပ်ရွာပြည်သူနှင့် တအာင်းတပ်မတော် TNLA က လက်မခံကြောင်း ၊ အကယ်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးဦးသည် လူထုဆန္ဒအား ဆန့်ကျင်ကျော်လွန်ပြီး စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးပါက အဆိုပါအုပ်ချုပ်ရေးမှူးကို ပြင်းထန်စွာ အရေးယူသွားမည်ဟု TNLA က သတိပေးထုတ်ပြန်လိုက်သည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်