Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
July 8, 2025

အောက်မြန်မာပြည်မှ ဖိတ်ခေါ်ထားသည့် ကျွမ်းကျင်CDM ဆရာဝန်ကြီးအချို့နှင့်အတူ CDMဝန်ထမ်းများနှင့် လည်ပတ်နေပြီဖြစ်သည့် နမ္မတူ ပြည်သူ့ဆေးရုံ အနယ်နယ်အရပ်ရပ်မှ CDMပြုလုပ်ထားသည့် မည်သည့် ကျန်းမာရေးဝန်ထမ်းကိုမဆို ဖိတ်ခေါ်သွားမည်ဟု ဆို

အောက်မြန်မာပြည်မှ ဖိတ်ခေါ်ထားသည့် ကျွမ်းကျင်CDM ဆရာဝန်ကြီးအချို့နှင့်အတူ CDMဝန်ထမ်းများနှင့် လည်ပတ်နေပြီဖြစ်သည့် နမ္မတူ ပြည်သူ့ဆေးရုံ

မတ် ၁၆၊ VOR

TNLA ထိန်းချုပ်ထားသည့် ရှမ်းမြောက်ဒေသ နမ္မတူမြို့၊ ပြည်သူ့ဆေးရုံတွင် CDMဆရာဝန်ကြီး အပါအဝင် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများနှင့် လည်ပတ်နေပြီဖြစ်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သတင်းထုတ်ပြန်လိုက်သည်။

နမ္မတူပြည်သူ့ဆေးရုံအား ကျန်းမာရေးဝန်ထမ်း (၁၈)ဦးဖြင့် စတင်လည်ပတ်နေခြင်းဖြစ်ပြီး အောက်မြန်မာပြည်မှ ဖိတ်ခေါ်ထားသည့် ကျွမ်းကျင်CDM ဆရာဝန်ကြီးအချို့နှင့်အတူ CDMပြုလုပ်ထားသည့် ဒေသခံ ကျန်းမာရေးဝန်ထမ်းများ၊ CBHTဆရာ/ဆရာမများ ပါဝင်သည်ဟု သိရသည်။

PSLF/TNLA အပြည့်အဝထိန်းချုပ်ထားသည့် နမ္မတူမြို့တွင် လက်ရှိတွင် အုပ်ချုပ်ရေးယန္တရားများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမည်ဟု ဆိုသည်။

လက်ရှိ နမ္မတူပြည်သူ့ဆေးရုံတွင် လိုအပ်ချက်တချို့နှင့် ဝန်ထမ်းအင်အား လုံလောက်မှုမရှိသေးသော်လည်း ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို (၂၄)နာရီ အချိန်ပြည့်ပေးနိုင်ရန် ကြိုးစားဆောင်ရွက််လျက်ရှိသည်ဟု သိရသည်။

ထို့ကြောင့် နမ္မတူမြို့နှင့် အနီးဝန်းကျင်မှ ကျေးရွာခံပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ဖို့အတွက် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများအပြင် အနယ်နယ်အရပ်ရပ်မှ CDMပြုလုပ်ထားသည့် မည်သည့် ကျန်းမာရေးဝန်ထမ်းကိုမဆို ဖိတ်ခေါ်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ အစပဲ ရှိသေးတာဆိုတော့ လိုအပ်ချက်တွေက ရှိပါတယ်၊ ဒါပေမယ့် ပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို အချိန်မရွေး အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ ကျနော်တို့ ကြိုးစားနေပါတယ်၊ အခုဒီမှာက ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းတွေက အများဆုံးပါဝင်ပါတယ်၊ ဝန်ထမ်းအင်အားက လုံလုံလောက်လောက်တော့ မရှိသေးဘူး ဒါကြောင့် ဒေသခံတွေအပြင် အနယ်နယ်အရပ်ရပ်က CDM လုပ်ထားတဲ့ ဘယ်သူ့ကိုမဆို ကျနော်တို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ် ”ဟု PSLF/TNLA ကျန်းမာ‌ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နမ္မတူမြို့အား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLAက ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် စစ်ကောင်စီထံမှ အပြီးသတ်သိမ်းပိုက်ခဲ့သည့် မြို့လည်း ဖြစ်သည်။

You may have missed