Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
June 24, 2026

ယမန်နေ့ ခရာဘွမ်စစ်စခန်းမှ အရှင်ဖမ်းမိရရှိသည့် ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သုံပန်းများ

KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီး ဘွမ်ရယ်ဘွမ် စစ်ကောင်စီတပ်စခန်းကြီးကို KIAသိမ်းပိုက်

မတ် ၁၅၊ VOR

ကချင် လွတ်လပ်ရေး တပ်မတော် KIA ဌာနချုပ် တည်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အနီးရှိ စစ်ကောင်စီစခန်းများထဲမှ ဘွမ်ရယ်ဘွမ်စခန်းကြီးအား ယနေ့ မတ်လ ၁၅ရက် မွန်းလွဲ ၂ နာရီ အချိန်တွင် KIA နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ သိမ်းပိုက်ရရှိလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘွမ်ရယ်ဘွမ် စခန်း ကြီးတွင် တပ်မ ၈၈ တပ်မမှူး၊ စစ်ဗျူဟာမှူးကိုယ်တိုင်ထိုင်ကာ ကွပ်ကဲနေသော တပ်စခန်းကြီးဖြစ်ပြီး ၄င်းတို့၏တပ်စခန်းကြီးမကျဆုံးရေးအတွက် လေကြောင်းမှ အကြီးအကျယ် ဗုံးကြဲကာ ကာကွယ်ခဲ့သော်လည်း KIA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ကြကြောင်း သိရသည်။

၎င်းစခန်းကြီးတွင် KIA ၏တိုက်ခိုက်မှုများကြောင့် အခြားစခန်းများမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများ ရာနှင့်ချီပိတ်မိနေကြောင်း သိရသည်။

မတ်လ ၇ရက်မှစ၍ KIA ဌာနချုပ် လိုင်ဇာအနီးရှိ စစ်ကောင်စီ တပ်များ နှင့် ကချင်ဒေသရှိ စစ်ကောင်စီတပ် အများ အပြားကို တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်ပတ်အတွင်း စခန်းပေါင်း ၂၀ကျော်ကို သိမ်းပိုက်နိုင်ခဲ့သည်။

ယမန်နေ့ ခရာဘွမ်စစ်စခန်းမှ အရှင်ဖမ်းမိရရှိသည့် ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သုံပန်းများ

You may have missed