Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
May 13, 2025

မတ်လ ၁၆ ရက်နေ့ အရောက်မှာတော့လွန်ခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာ ပြီးဆုံးသွားခဲ့တဲ့ စစ်ကိုင်းတိုင်း ကနီမြို့သိမ်းတိုက်ပွဲနဲ့ပက်သက်လို့ တရားဝင်သတင်းထုတ်ပြန်

မတ်လ ၁၆ ရက်နေ့ အရောက်မှာတော့လွန်ခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာ ပြီးဆုံးသွားခဲ့တဲ့ စစ်ကိုင်းတိုင်း ကနီမြို့သိမ်းတိုက်ပွဲနဲ့ပက်သက်လို့ တရားဝင်သတင်းထုတ်ပြန်

မတ်လ ၁၆ ရက်နေ့ အရောက်မှာတော့လွန်ခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာ ပြီးဆုံးသွားခဲ့တဲ့ စစ်ကိုင်းတိုင်း ကနီမြို့သိမ်းတိုက်ပွဲနဲ့ပက်သက်လို့ တရားဝင်သတင်းထုတ်ပြန်ချက်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းစာမျက်နှာမှတဆင့် ထွက်ရှိလို့လာပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ စစ်ကိုင်းတိုင်း၊ ကနီမြို့ကို ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၄၇ယောက်သေ၊ အလောင်း၁၁လောင်းရရှိပြီး လက်နက်ခဲယမ်းတွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ကနီမြို့ပေါ်က စစ်ကောင်စီရဲ့ တပ်စွဲရာနေရာတွေကို တော်လှန်ရေးတပ်ပေါင်းစုတွေက မတ်လ ၂ ရက်နေ့က စတင်တိုက်ခိုက်တာပါ။ စစ်ကောင်စီဘက်ကလည်း အထိနာတဲ့အတွက် လေကြောင်းပစ်ကူ (၅၄) ကြိမ် ပြုလုပ်ကာ Y-12 လေယာဥ်ဖြင့် ဗုံးသီး အလုံး (၁၀၀) ကျော် ကြဲချခဲ့ရတဲ့အထိပါပဲ။

တိုက်ပွဲရပ်နားခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာတော့ တော်လှန်တပ်တွေဟာ စစ်ကောင်စီရဲ့ အပြင်းအထန် လေကြောင်းရန်ကြောင့် ပြန်လည်ဆုတ်ခွါခဲ့ကြပေမယ့် ကနီတိုက်ပွဲဟာ အတိုင်းအတာတခုထိတော့ အောင်မြင်ခဲ့တဲ့ စစ်ရေးဖော်ဆောင်မှုတခုလို့ ဆိုရမှာပါ။

ဒီတိုက်ပွဲဟာ ကောလင်းမြို့ကို ပီဒီအက်ဖ်နှင့် တော်လှန်ပူးပေါင်းတပ်တွေ အတိုင်းအတာတခုထိ သိမ်းယူနိုင်ခဲ့သလို ထပ်မံပြီး သိမ်းယူနိုင်ဉီးမလားဆိုပြီး ပြည်သူတွေ မျှော်လင့်ခဲ့ရပေမယ့် ရလာဒ်ကတော့ဖြင့် မြို့ကို (၁၁) ရက်အကြာ ထိန်းချုပ်ထားနိုင်ခြင်းနဲ့ပဲ ပြီးဆုံးခဲ့ရပြန်ပါတယ်။

မျက်မြင်ရန်သူအလောင်း ၁၁ လောင်းရပါတယ် ဒီအလောင်းရေအတွက်အပါအဝင် ၄၇ ဉီးသေဆုံးတယ် ၂၀ ကျော် ထိခိုက်ဒဏ်ရာရတယ်ဆိုပြီး ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။ မိမိတို့ဘက်ကတော့ ပြည်သူ့တော်လှန်ရေး ရဲဘော် (၁၁) ဦး ကျဆုံးကာ (၃၅) ဦး ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။

ကနီမြို့သိမ်းတိုက်ပွဲဟာဆိုရင် ပြည်သူ့ကာကွယ်ရေးရဲဘော်များအတွက် အရေးပါသည့် စစ်ရေးအတွေ့အကြုံတွေရရှိခဲ့တယ်လို့လည်း တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကာကွယ်ရေးရဲဘော်တစ်ဦးက သူ့အမြင်ကိုပြောပါတယ်။

“ကနီဘယ်တော့မှ သွေးမအေးဘူး။ စစ်ရေးအတွေ့အကြုံက အမြတ်ပဲ။ လူငယ်တွေက တော်လှန်ရေးအတွက် ပိုပြီး စိတ်အားတက်ကြွလာတယ်” လို့ ရဲဘော်က ဆိုပါတယ်။

လတ်တလောမှာလည်း ရန်သူစစ်ကောင်စီတပ်ဟာ လေကြောင်းပစ် လက်နက်ကြီးပစ်နှင့် မြေပြင်အင်အား အဆမတန်သုံး၍ မြို့ကို တိုက်ခိုက်ဖျက်ဆီးနေခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ယာယီခွါစစ်ဆင်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီးက သတင်းစကားပါးထားပါတယ်။

အဆိုပါတိုက်ပွဲမှာ ရင်ဆိုင်ခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့များကတော့ ကနီမြို့ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံ၊ စာသင်ကျောင်းတို့မှာ အခြေချနေတဲ့ ခလရ (၈၇၊ ၈၉၊ ၂၂၂)၊ ခမရ-၃၁၃ ပူးပေါင်းအင်အား (၁၀၀) ကျော်၊ အင်မထီးရွာမှ လေကြောင်းနဲ့ အင်အားပို့ချလာတဲ့ ထပ်တိုးအင်အား (၁၂၀) ခန့်နဲ့ ရေဦးကစစ်ကူလာတဲ့ ဘီလူးစစ်ကြောင်း အင်အား (၈၀) ခန့်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလိုတိုက်ပွဲအပြီးမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုနဲ့အတူ စစ်ကောင်စီတပ်ထံက ရရှိလိုက်တဲ့ စစ်လက်နက်တွေကတော့ လက်နက်မျိုးစုံ (၁၁) လက်၊ ဗုံးသီးမျိုးစုံ (၅၀) ကျော်၊ ကျည်မျိုးစုံ (၁၃၀၀) ကျော်၊ မီးကျည် (၂၀) ခန့်၊ ရှေ့ထွက်မိုင်း (၃) ခု၊ ကျည်အိမ် (၂၀) ကျော်နဲ့ Jammer (၂) ခုတို့ပဲ ဖြစ်ကြပါတယ်။

မိမိတို့ဘက်က စစ်ရေးဖော်ဆောင်ခဲ့တဲ့ ပြည်သူ့တပ်ဖွဲ့တွေကတော့ ယင်းမာပင်ခရိုင် ကွပ်ကဲရေး၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၊ ၂၊ ၆၊ ၉၊ ၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၇၊ ၃၀၊ ၃၂ ၊ LPDF၊ ဆားလင်းကြီးစစ်ကြောင်း၊ Alpha စစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့ များနှင့် ကနီမြိုနယ် ပအဖ၊ ပကဖ တို့ပဲ ဖြစ်ကြပါတယ်။

ကနီမြို့ဟာ ချင်းတွင်းမြစ်ဘေးမှာ တည်ရှိပြီး ယင်းမာပင်၊ မင်းကင်း၊ ဘုတလင်မြို့များနှင့် ထိစပ်နေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာလာပြီးနောက် စစ်ကောင်စီတပ်ဟာ မတ်လ (၁၃) ရက်ညနေကစလို့ ကနီမြို့ရပ်ကွက်(၂)နဲ့ တဇယ်ချောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ ညောင်သမြားရွာက ဒေသခံ ၃၀ ခန့်ကို ဖမ်းဆီးထားကြောင်း သတင်းရရှိထားပါတယ်။

စစ်အာဏာရှင်အမြစ်ဖြတ်ရေး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ထွန်းလာရေးမှာ ကိုယ်ကျိုးမငဲ့ ပေးဆပ်စွန့်လွှတ်ခဲ့သူ ကျဆုံးတပ်ဖွဲ့ဝင် ၁၁ ဦးကိုလည်း ဂုဏ်ယူဉီးညွှတ်ရင်း သတင်းတင်ပြလိုက်ရပါတယ်။

မတ်လ ၁၆ ရက်နေ့ အရောက်မှာတော့လွန်ခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာ ပြီးဆုံးသွားခဲ့တဲ့ စစ်ကိုင်းတိုင်း ကနီမြို့သိမ်းတိုက်ပွဲနဲ့ပက်သက်လို့ တရားဝင်သတင်းထုတ်ပြန်

You may have missed