မတ် ၁၅၊ VOR
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ဖလူးအခြေစိုက် စစ်ကောင်စီတပ်လက်အောက်ခံ ခလရ(၂၇၅)တပ်စခန်းကို KNLA ပူးပေါင်းတပ်တို့က မတ်လ ၁၁ရက်နေ့ ညနေ ၅နာရီ ၂၀မိန်စ်အချိန်မှ ၅နာရီ ၂၅မိနစ် အချိန် ၅မိနစ်အတွင်း အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း KNLA ဗဟိုက သတင်းထုတ်ပြန်လာသည်။
ဖလူးစခန်းအားတိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ထံမှ ငါးကြင်းမှီးစက်လက် အပါအဝင်လက်နက်ငယ်(၅)လက် ၊ ၆၀မမပြောင်းရှည်(၁)လက် ၊ ပွိုင့် 5ကျည် နှင့်စက်လတ်ကျည်အပါအဝင် လက်နက်ငယ်ကျည် (၂၀၂၆၈)တောင့် ၊ RPGနှင့် ၄၀မမကျည် (၇၄)လုံး ၊ ၈၁မမနှင့် ၆၀မမ ကျည်(၂၁)လုံး ၊မိုင်းမျိုးစုံ (၁၃၂)လုံး ၊စစ်အသုံးအဆောင်ပစ္စည်းများနှင့်ရိက္ခာများတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်