မတ် ၉၊ VOR
ရှမ်းပြည်နယ် တောင်ကြီးမြို့မှ ဟိုပုံးမြို့နယ်ဘက်သို့ စစ်ကောင်စီတပ်က ယာဉ် ၂၂ စီးနှင့် ရိက္ခာတင်ကား ၆ စီးတို့ဖြင့် စစ်အင်အားအလုံး ရင်းပို့ဆောင်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံက သိရသည်။
ဟိုပုန်းမြို့တွင် ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး မတ်လ ၈ ရက် နံနက် ၁၁ နာရီခန့်က ဟိုပုံးမြို့နယ် ကျောက္ကဆျားကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ် ဗုံးကြဲခဲ့သဖြင့် နေအိမ် ၆ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၁ ဦး သေဆုံးခဲ့ရကြောင်း PNLA က သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ၁၇ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် PNO ပြည်သူ့စစ်များကို လက်နက်တပ်ဆင်ပွဲကျင်းပခဲ့ပြီး စစ်ကောင်စီ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး ကိုယ်တိုင် တက်ရောက်ခဲ့သည်။
https://www.facebook.com/VORLiveNews/videos/1385096042376217
More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်