မတ် ၈၊ VOR
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်မထီးပျူစောထီးရွာမှ ထွက်လာသော စစ်အုပ်စု စစ်ကြောင်းကို အလစ်အငိုက် တိုက်ခိုက်ရာ ပျူစောထီး ၂ဦးသေဆုံးပြီး စစ်သား ၅ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း Southern YSO PDFက သတင်းထုတ်ပြန်သည်။
မတ်လ ၆ ရက်နေ့ နေ့လည် ၁:၃၀ အချိန်တွင် ပုလဲမြို့နယ်မှ အင်မထီးပျူရွာသို့ အင်အား ၁၂၀ ပါ ရိက္ခာပို့စစ်ကြောင်းသည် အင်မထီးပျူရွာမှ ထွက်ရှိလာစဉ် တော်လှန်ရေးပူးပေါင်းတပ်က လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ စစ်မျက်နှာ တစ်ဖက်မှ ၆၀မမ စိန်ပြောင်းအစစ်တို့ဖြင့် ပစ်ခတ်ခဲ့ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း ပျူစောထီး ၂ဦး သေဆုံးကာ စစ်သား ၅ဦး အပြင်းအထန် ဒဏ်ရာရရှိသွာပြီး Southern YSO PDF မှ ရဲဘော် တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA နှင့် Sothern YSO PDF အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ