မတ် ၆၊ VOR
ဆီဆိုင်မြို့မြောက်ဘက် နှင့် ဆိုက်ခေါင်စံပြကျေးရွာတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်များသည် လက်နက်ကြီးများ အသေခံဒရုန်းများဖြင့် ဆီဆိုင်မြို့ကို ဆက်လက်ပစ်ခတ်ဖျက်ဆီးနေလျက်ရှိပြီး ယမန်နေ့တွင်ပင် ဆီဆိုင်မြို့အတွင်းသို့ လက်နက်ကြီးနှင့် အသေခံဒရုန်းများအသုံးပြုပြီး တနေကုန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအကြိမ်ပေါင်း ၁၀၀ နီးပါး ရှိခဲ့ကြောင်း PNLA က သတင်းထုတ်ပြန်သည်။
ထို့သို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီဆိုင်ဆေးရုံအဆောက်အဦးအချို့နှင့် မြို့တွင်းရှိအဆောက်အဦးအချို့ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့တွင်ပင် စစ်ကောင်စီသည် မဲနယ်တောင်ဒေသကိုလည်း ဟိုပုံးမြို့ဘက်မှ လက်နက်ကြီးဖြင့် ၁၈ ကြိမ် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ အများပြည်သူ သွားလာသည့်လမ်းကိုလည်း စစ်ကောင်စီတပ်က ဖျက်ဆီးထားသဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်များသည် အများပြည်သူအခက်ခဲ ဖြစ်စေရန် လမ်းများကို မြေတူးစက်များဖြင့် ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ပြန်လည်ပြုပြင်ခဲ့သဖြင့် မော်တော်ယာဉ်များ ပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်များသည် ကုန်စည်စီးဆင်းရာ အဓိကလမ်းမကြီးတစ်ခုဖြစ်သည့် ဟိုပုံး-မိုင်းပွန် လမ်းမကြီးကိုလည်း ၎င်းတို့ စိတ်ထင်ရင်ထင်သလို ဖွင့်လိုက် ပိတ်လိုက်ပြုလုပ်နေသဖြင့် ကုန်သည်များ ပြည်သူများအခက်အခဲကြုံတွေ့နေရသည်ဟု သိရသည်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ