Categories

March 2024
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
March 15, 2025

ထိုင်းလွှတ်တော်တွင် စစ်အာဏာသိမ်းမှု ၃ နှစ်ကာလ မြန်မာနိုင်ငံ အခြေအနေများကို အနုပညာလက်ရာပြခန်းအဖြစ် ဖွင့်လှစ်ပြသ

ထိုင်းလွှတ်တော်တွင် စစ်အာဏာသိမ်းမှု ၃ နှစ်ကာလ မြန်မာနိုင်ငံ အခြေအနေများကို အနုပညာလက်ရာပြခန်းအဖြစ် ဖွင့်လှစ်ပြသ

မတ် ၃၊ VOR

ထိုင်းနိုင်ငံလွှတ်တော်တွင် မြန်မာနိုင်ငံကို စစ်အာဏာသိမ်းမှု ၃ နှစ်ကြာကာလအတွင်း ဖြစ်ပျက်ခဲ့သည့်ခြေအနေများကို အနုပညာလက်ရာပြခန်းအဖြစ် ခင်းကျင်းပြသနေကြောင်း ထိုင်းနိုင်ငံအခြေစိုက် Spirit in Education Movement – SEM ထံက သိရသည်။

မတ်လ ၂ရက်နေ့နှင့် ၃ ရက်နေ့များတွင် အဆိုပါပြပွဲကို ပြသမည်ဖြစ်ပြီး စစ်အာဏာသိမ်း ၃ နှစ်အတွင်း မြန်မာပြည်သူများ အာဏာသိမ်းမှုကို နည်းမျိုးစုံ ဆန့်ကျင်ခဲ့မှုများ၊ ထိုင်းနိုင်ငံနယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားများရဲ့ နေထိုင်မှုပုံစံ အဖြစ်အပျက်များကို အနုပညာ လက်ရာ ပြခန်းများအဖြစ် ပြသထားကြောင်း သိရသည်။

စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်ခံရသည့် နေရာများတွင် ကျန်ခဲ့သည့် အသုံးအဆောင်ပစ္စည်းများနှင့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်သည့် နေရာ၊ အကြိမ်အရေအတွက် ထိခိုက်သေဆုံးမှုကို ဖော်ပြထားသည့် Data Visualization တို့ကို Installation Art အဖြစ် ပြသထားသည်ဟု သိရသည်။

SEM အနေဖြင့် မြန်မာနိုင်ငံက စစ်ရှောင် ပြည်သူများအပေါ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို အဓိကထားပြီး ပြသထားကြောင်း သိရသည်။

You may have missed