မတ် ၂၊ VOR
ကုလသမဂ္ဂရဲ့ မတ်လ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတစ်ခုမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေဟာ မကြာသေးမီလများအတွင်း ပိုမိုဆိုးရွားလာခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။
“သုံးနှစ်ကြာ စစ်အုပ်စိုးမှုဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေအပေါ် သည်းမခံနိုင်တဲ့ ဆင်းရဲဒုက္ခတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်ပြီး တိုးလာနေပါတယ်” လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Mr. Türk ကပြောပါတယ်။ နိုင်ငံတဝှမ်းက မြို့တွေမှာ လေကြောင်းမှ တိုက်ခိုက်မှုတွေ အပါအဝင် လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်စွာ မြင့်တက်လာတဲ့အချိန်မှာ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ စတင်ပြီး စစ်တပ်က အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် ရာနဲ့ချီတဲ့ လူပေါင်း ၄၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ Mr. Türk က အချက်အလက်များကိုးကားပြီး ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီက အမျိုးသမီးတွေ အပါအဝင် အရပ်သား ရာပေါင်းများစွာကို အရှင်လတ်လတ် သတ်ပစ်တာတွေမီးရှို့သတ်တာတွေ ပြုလုပ်ခဲ့ကြောင်းသက်သေများရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး အမှန်တကယ် သေဆုံးမှု အရေအတွက်မှာ များစွာ မြင့်မားဖွယ် ရှိတယ်လို့ မဟာမင်းကြီးက မှတ်ချက်ပြုခဲ့ပါတယ်။
ဒီလိုမျိုး “လူ့အသက်ကို အလေးမထားခြင်း” ဟာ နိုင်ငံတစ်ဝှမ်းမှာ အခြားသော “အခြေခံအခွင့်အရေးများနဲ့ တရားဥပဒေစိုးမိုးမှု ချိုးဖောက်မှုများ”ကိုပါ ပေါ်ပေါက်စေနိုင်ပါတယ်လို့ Mr. Türk က အခိုင်အမာပြောကြားခဲ့ပါတယ်။
ယနေ့ မြန်မာနိုင်ငံမှာ အမျိုးသမီး ၃၉၀၉ ဦး အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်သူ ၂၀,၀၀၀ ကျော်ဟာ ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံကလူတွေဟာ ဘယ်အချိန် ဖမ်းဆီးခံရမလဲဆိုပြီး ကြောက်ရွံ့နေကြတယ်လို့ Mr. Türkကဆက်လက်ပြောကြားခဲ့ပါတယ်။
“ရဲစခန်းတွေ၊ စစ်ကြောရေးစခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို စနစ်တကျ နှိပ်စက်ညှဉ်းပန်းနှိပ်စက်နေကြောင်း ရုံးရဲ့အစီရင်ခံစာတွေကို ဖတ်ရတာ အရမ်းတုန်လှုပ်စရာကောင်းပါတယ်” လို့ Mr. Türk က ပြောကြားခဲ့ပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ