ဖေဖော်ဝါရီ ၂၇၊ VOR
NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် NUG ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နန်းဆုမွန်အောင် တို့အဖွဲ့သည် ပြင်သစ်အောက်လွှတ်တော်တွင် ပြင်သစ်-မြန်မာ ချစ်ကြည်ရေးအဖွဲ့၏ ဥက္ကဌ၊အောက်လွှတ်တော်အမတ် Mr. Alain David နှင့် ဒုဥက္ကဌ အောက်လွှတ်တော်အမတ် Mrs. Anne Genetet တို့နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း NUG ပြင်သစ်ဆိုင်ရာကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်သည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် ဆက်လက် လုပ်ဆောင်သွားမည့်လုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးတွင်ပြင်သစ်နိုင်ငံက ပါဝင်ကူညီနိုင်သောအခန်းကဏ္ဍများကို ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရသည်။



More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်