Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
March 16, 2025

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ၏ အဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ၏ အဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်

ဖေဖော်ဝါရီ ၂၄၊ VOR

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ၏ အဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို လာမည့် ၂၀၂၄ ခုနှစ်၊ မတ်လ (၄) ရက်၊ တနင်္လာနေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ULA/AA က သတင်းထုတ်ပြန်သည်။

သတင်းစာ ရှင်းလင်းပွဲကို ယခင်အကြိမ်များအတိုင်း ရက္ခိုင်ဘာသာစကားဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး သတင်းရယူလိုသော သတင်းထောက်များအနေဖြင့် သတင်းစာရှင်းလင်းပွဲကို တက်ရောက်နိုင်ရန်အတွက် ဖော်ပြပါ လင့်ခ် (https://forms.gle/9FkNHENUvZ9R1sMp9 ) မှတစ်ဆင့် ယခင် အကြိမ်များနည်းတူ စာရင်းသွင်းရန်လိုအပ်ကြောင်း သိရသည်။

စာရင်းသွင်းထားသော သတင်းထောက်များကိုသာ တက်ရောက် သတင်းရယူခွင့်ပြုမည် ဖြစ်ပြီး စာရင်းသွင်းထားသော သတင်းထောက်များကို သတင်းစာရှင်းလင်းပွဲ တက်ရောက်နိုင်ရန်အတွက် Email မှတဆင့် လိုအပ်သည့်အချက်အလက်များကို ပေးပို့သွားမည် ဟု သိရသည်။

သတင်းထောက်များအနေဖြင့် မေးမြန်းလိုသော မေးခွန်းများကို ဖေဖော်ဝါရီလ (၂၈) ရက်၊ ဗုဒ္ဓဟူးနေ့၊ နံနက် (၉:၀၀) နာရီအချိန် နောက်ဆုံးထား၍ ဖော်ပြပါ အီးမေးလ်လိပ်စာ [email protected] မှတစ်ဆင့် ပေးပို့ကာ မေးမြန်းထားနိုင်ကြောင်း သိရသည်။

သတ်မှတ်ရက်ကျော်လွန်ပြီးမှ ပေးပို့လာသော မေးခွန်းများကို ယခုသတင်းစာရှင်းလင်းပွဲတွင် လက်ခံဖြေကြားပေးမည်မဟုတ်သည့်အတွက် မေးခွန်းများကို ကြိုတင်ပြီး ပေးပို့ထားကြရန် လိုအပ်သည်ဟု ဆိုသည်။

သတင်းထောက်တစ်ဦးကို မေးခွန်း (၂) ခုခန့်သာ လက်ခံသွားမည်ဖြစ်ပြီး ထပ်ဆင့်မေးခွန်းတစ်ခုကိုလည်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ယခုကဲ့သို့ မေးခွန်းအရေအတွက် ကန့်သတ်ထားရခြင်းမှာလည်း အခြားသတင်းထောက်များကို အချိန်ပေးနိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။ 

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ၏ အဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်

You may have missed