စစ်ကောင်စီတပ်သားတွေထွက်ပြေးသွားတဲ့ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသက မေတ္တာမြို့ရဲစခန်းနဲ့ ဟိန္ဒားရွာက စစ်ကောင်စီစခန်းကုန်းတို့ကို တော်လှန်ရေးတပ်တွေက မီးရှို့ဖျက်လိုက်ပါတယ်။ အလားတူ စစ်ကောင်စီတပ်သားတွေဆုတ်ခွာထွက်ပြေးသွားတဲ့ ဟိန္ဒားရွာထိပ် စစ်ကောင်စီစခန်းကုန်းက အဆောက်အအုံနဲ့ ဘန်ကာတွေကိုလည်း အခုလ ၂၂ ရက်နေ့ ၂၃ ရက်နေ့တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
–
စွန့်ခွါထားရစ်တဲ့ ၄င်းစခန်းမှအင်အား ၅၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေကတော့ ကျောက်မဲတောင်ရဲစခန်းကို စုဝေးရောက်ရှိနေကြပါပြီ။ မေတ္တာမြို့ဟာ ထားဝယ်မြို့နဲ့ ထိုင်းနိုင်ငံနယ်စပ်ထီးခီးကိုကို သွားတဲ့လမ်းမပေါ်မှာတည်ရှိပါတယ်။

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်