Categories

February 2024
M T W T F S S
 1234
567891011
12131415161718
19202122232425
26272829  
June 24, 2026

ပုဏ္ဏားကျွန်း၊ မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောရှိ ဗျူဟာစခန်းများကိုလည်း ထိုးစစ်ဆင်နွှဲနေ

ပုဏ္ဏားကျွန်း၊ မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောရှိ ဗျူဟာစခန်းများကိုလည်း ထိုးစစ်ဆင်နွှဲနေ

ဖေဖော်ဝါရီ ၂၃၊ VOR

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။

ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့များရှိ လက်နက်ချအညံ့မခံသော အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မဌာနချုပ်များကို ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်တိုက်ပွဲများ ဆက်လက်ဆင်နွှဲရင်း စစ်ကောင်စီစခန်းတချို့အား အပြီးသတ်သိမ်းပိုက်ရယူရန်အတွက် ထိုးစစ်များကို ဆက်တိုက် ဆင်နွှဲလျက်ရှိသည်ဟု သိရသည်။

ဖေဖော်ဝါရီလ (၂၂) ရက်နေ့တွင် မင်းပြားမြို့၊ ကမ်းနီရွာအနီးရှိ စစ်ကောင်စီ၏ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း ကို ရက္ခိုင့်တပ်တော်မှ ငါးရက်မြောက်ထိုးစစ်နေ့အဖြစ် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု သိရသည်။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့များ၌ရှိသော စစ်ကောင်စီ၏ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် မြို့၊ ရွာ၊ လူနေအိမ်များအတွင်းသို့ ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများကို ယခင်ရက်များ နည်းတူ ပြုလုပ်နေခဲ့သည်ဟု ထုန်ပြန်ချက်အရ သိရသည်။

ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသော စစ်ရေးရည်မှန်းချက်များကို ဆက်လက် အကောင် အထည်ဖော်ရင်း စစ်ဆင်ရေးကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ရန်သူ၏ စစ်ရေးတုံ့ပြန်မှု နှင့် ခုခံစစ်အပေါ်မူတည်၍ မြှင့်တင်ဆောင် ရွက်သွားမည်ဟု ဆိုသည်။

You may have missed